ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ်

ရှမ်းပြည်အမျိုးသားနေ့အကြောင်းသိကောင်းစရာ


post by: အိုက်ခီလောက်
http://fdypress.ning.com/forum/topic…sg_share_topic

ရှမ်းပြည်အမျိုးသားနေ့အကြောင်းသိကောင်းစရာ

ရှမ်းပြည်လူထုခေါင်းဆောင်များနဲ့ စော်ဘွားများဦးဆောင်ကာ ကမကထပြုမှုအရ ရှမ်းပြည်အလယ်ပိုင်းယခင်လဲချားနယ် ပင်လုံမြို့မှာ ၁၉၄၇ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၁၀ ရက်ကြာ ကျင်းပခဲ့တဲ့ ဒုတိယ ပင်လုံညီလာခံဟာ `ဖေဖော်ဝါရီ ၇ ရက် ရှမ်းပြည်အမျိုးသားနေ့ နဲ့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ (၀ါ) ပင်လုံစာချုပ်နေ့ `တွေပေါ်ပေါက်စေခဲ့တဲ့ ကမ္ဘာကျော်သမိုင်းဝင်နေ့ဖြစ်ပါတယ်။
ပင်လုံစာချုပ်မထိုးခင် တစ်ရက်အလို ၁၁-၂-၁၉၄၇ နေ့မှာ ရှမ်းပြည်ကောင်စီဥက္ကဌ စ၀်ခွန်ပန်းစိန်က ရှမ်းပြည်လူမျိုးပေါင်းစုံနဲ့ပတ်သက်အကြုံး
ဝင်တဲ့ အောက်ပါဆုံးဖြတ်ချက် ၃ ရပ်ကိုချမှတ်ခဲ့ပါတယ်။
(၁) ဖေဖော်ဝါရီ ၇ ရက်နေ့ကို အမျိုးသားနေ့အဖြစ်-
(၂) ၀ါစိမ်းနီနဲ့အဖြူရောင်လ၀န်းအလံကို ရှမ်းပြည်အလံတော်အဖြစ်-
(၃)ခေးတိုင်းခေးရာဇာသိချင်းကို ယာယီအမျိုးသားသိချင်းအဖြစ်- သတ်မှတ်ကြောင်းထုတ်ပြန်ကြေငြာလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၆၂ နှစ်ကစပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ကို ရှမ်းအမျိုးသားနေ့လို့အစွဲပြုခေါ်ဝေါ်ခဲ့ပေမယ့် အဲဒီခေတ်ကာလ သမယ အခြေအနေအရ
အနှစ်သာရနဲ့ဦးတည်ချက်ကတော့ လူမျိုးပေါင်းစုံရှမ်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုဖို့ ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။
သမိုင်းအစစ်အမှန်လှစ်လှန်လိုက်ယင် ရှမ်းပြည်အမျိုးသားနေ့ မရှိရင် ပြည်ထောင်စုနေ့လို့အသိများကြတဲ့ ပင်လုံစာချုပ်နေ့ လဲရှိမှာမဟုတ်သလို လွတ်လပ်ရေးနေ့လဲ ရှိလာမှာမဟုတ်ပါဘူး။

  • Share/Bookmark
ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ်

ကူညီကြပါစို့

ကျနော်တို့ နေထိုင်ကြတဲ့ ဤကမ္ဘာလောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ကောင်းတာတွေ ဆိုးတာတွေကို မျိုးစုံခံစားကြရတာပဲ။ ဒီလိုပဲသိပ္ပံပညာတွေ ဘယ်လောက်တိုးတက်တိုးတက် လူလောကမှာ တချို့သောရောဂါဝေဒနာတွေကို ပျောက်ကင်းအောင်မကုသနိုင်သေးသလို တချို့ရောဂါတွေကလဲ ဆေးပညာအရ ရှာဖွေကုသဖို့ ခက်ခဲတတ်ပါတယ်။ ဥပမာ အေအိုင်ဒီအက်စ်၊ ကင်ဆာရောဂါ စသည်ဖြင့်ပေါ့.. ဒီလိုရောဂါမျိုးတွေကို ခံစားနေရတဲ့လူတွေဟာ လူလောက အပြင်ဘက်ကို အလိုလိုနေရင်း ရောက်ရှိသွားတတ်ပါတယ်။ ဒါတွေဟာ ဘယ်သူ့အပြစ်လဲဆိုတော့ ကျနော်တို့လို လူကောင်းတွေရဲ့ လူမဆန်မှုတွေ၊ လူသားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်တွေကို ကျနော်တို့ မကျင့်ကြံနိုင်လို့လဲ ဖြစ်ပါတယ်။ တကယ်တမ်းလူပမာတယောက်ကို နေ့စဉ်ပြုစုပေးနိုင်ဖို့ဆိုတာကလဲ စိတ်ဓါတ်တွေ တော်တော်လေးရှည်ရှည်ထားပြီး စိတ်ရင်းစေတနာအပြည့်နဲ့ မေတ္တာတွေမျှပြီး ပေးစွမ်းနိုင်ဖို့လိုပါတယ်။ လူအချင်းချင်း နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ကျနော်တို့လူသားတွေအဖို့ အလုပ်ထဲမှာ အဆင်မပြေခဲ့ရင် အိမ်မှာကျန်ခဲ့တဲ့ ရောဂါသည်ကို ဘယ်လောက်ထိ စိတ်ရှည်နိုင်မလဲ။ ကျနော်တို့ရဲ့ရောဂါသည်ကရော အပေါ်မှာပြောခဲ့သလို အေအိုင်ဒီအက်စ်လို ရောဂါမျိုးဆိုရင်ကော သင့်အနေနဲ့ အမြဲတမ်းပြုစုပေးနိုင်ပါ့ဦးမလား။ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီကြဖို့ မစဉ်းစားတော့ဘူးလား…

ကျနော်အမြဲသွားပြီး ဖတ်နေကြ ဘောလုံးသတင်း ဆိုဒ်လေးကနေပြီးတော့ ဦးဆောင်လုပ်ပေးတဲ့ Program တခုကို ကျနော်ချစ်တဲ့ ညီအကို မောင်နှမတွေနဲ့ မိတ်ဆက်ပေးချင်တာပါ။ ဒါကတော့ ဘာ Program လေးလဲဆိုတော့ ကျနော်တို့ တိုင်းပြည်ထဲမှာ ရှိတဲ့ အနာကြီးရောဂါသည်(လူနဲစု)တွေရဲ့ ကုန်ဆုံးသွားမဲ့ သက်တမ်းကို သက်တောင့်သက်တာဖြစ်အောင် တဖက်တလမ်းကနေ ကူညီဆောင်ရွက်နေတာလေးတခုပါ။ သူရဲ့ ဆိုဒ်လေးက ဒီမှာ ပါ။ အသေးစိတ်ကြည့်နိုင်ပါတယ်။

ဒီလိုရောဂါမျိုးတွေထဲမှာ အနာကြီးရောဂါသည်တွေရဲ့ဘ၀ဟာ အတော့်ကိုဆိုးရွားလှပါတယ်။ အနာကြီးရောဂါသည်တွေကို ကျနော်တို့မြန်မာပြည်သူ၊သား တော်တော်များများကတော့ အနာကြီးရောဂါဆိုတာထက် အနူရောဂါလို့ ပြောရင် ပိုသိကြပါတယ်။ ကျနော်ငယ်စဉ်ကဆို တောင်ကြီးမြို့ပေါ်မှာ အဲ့လို အနာကြီးရောဂါသည်တွေ တော်တော်များများတွေ့ဖူးခဲ့ပါတယ်။ အများကတော့ ပအိုဝ့်၊ပလောင်စတဲ့ တိုင်းရင်းသားမျိုးနွယ်တွေကိုတွေ့ရတတ်ပါတယ်။ အခန့်မသင့်လို့ ရောဂါဖြစ်ပွားခဲ့ရတဲ့ လူတွေရှိသလို၊ ဆင်းရဲတွင်းနက်ပြီး အနေအထိုင်မဆင်ခြင်လို့လဲ ကူးစက်ခဲ့ရတဲ့လူတွေ ရှိနေခဲ့ကြပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ပွားဖြစ်ပွား အနာကြီးရောဂါသည်လို့ ပြောလိုက်တာနဲ့ လူတွေရဲ့ မျက်နာမှာအလိုမကျတဲ့အရိပ်လေးတွေ ပြတတ်ပါတယ်။ ကျနော်လဲ မစဉ်းစားတတ်သေးတဲ့ ကလေးဘ၀အရွယ်တုန်းက အနာကြီးရောဂါသည်တွေမြင်ရင် ကြောက်ပြီးအနားမကပ်ရဲခဲ့ပါဘူး ခုချိန်များ ပြန်စဉ်းစားကြည့်မိတော့ လူမပီသတဲ့ ကိုယ့်အဖြစ်ကို ကိုယ်ရှက်ရွံ့မိပါတယ်။

“”အနာကြီးရောဂါသည်လို့ ဖြစ်လာရင် လူတွေက အနူ ဆိုတာမျိုး ပြေးမြင်မိကြတာပါ။ တကယ်တော့ ဒါဟာ ပြည့်စုံတဲ့အမှန်တရားမဟုတ်ဘဲ သူတို့တွေဟာ ခံစားချက်ရှိတဲ့ လူသားတွေပါ။ အနာကြီးရောဂါသည်လို့ ဖြစ်လာပြီဆိုရင် …. ဝေဒနာသည်တွေရဲ့ လက်တွေဟာ ခံစားမှုမရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး သောက်လိုက်လို့ ပိုးသေသွားပေမယ့် နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သူတို့တွေဟာ လက်တွေ ခြေထောက်တွေတိုပြီး ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့ ဝေးစွ ခြေထောက်ထဲ သံစူးရင်တောင် သံစူးမှန်းမသိ ပေါင်ကအကျိတ်ခိုလာမှ ခြေထောက်မှာ အနာရှိလောက်တယ် ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။ အဲလိုကနေ ရောဂါကျွမ်းသွားလို့ လက်ဖြတ်၊ ခြေဖြတ်လိုက်ရတဲ့ ဘ၀မျိုးမှာ ရပ်တည်ဖို့တောင် ပစ္စည်းကိရိယာတွေရဲ့ အကူအညီယူရပါတယ်။ ဒီလိုရောဂါသည်တွေဟာ အလုပ်မလုပ်နိုင်ကြတော့ပါဘူး။ ရောဂါသည်အများစုက မိသားစု ငွေကြေးမပြည့်စုံလို့ ဆေးမမှီဘဲ ဖြစ်လာကြရတာမို့ မိသားစုကလည်း သူတို့တွေရှင်သန်ရေး မကူညီပေးနိုင်ပါဘူး။ ဒါကြောင့်ပဲ သူတို့တွေကို စုပေါင်းစောင့်ရှောက်ထားတဲ့ သူတို့တွေရဲ့အိမ် လို့ဆိုရမယ့် စောင့်ရှောက်ရေးဂေဟာ ရှိလာရတာပါ။ အလှူရှင်တွေရဲ့ ကူညီလှူဒါန်းမှုအားနဲ့ ရပ်တည်ရတဲ့ ဒီဂေဟာမှာ သူတို့တွေနေကြပါတယ်။”" ဆိုဒ်ကလေးရဲ့ Home Page မှာ တင်ထားတာလေးပါ

ဘယ်လောက်ထဲ ကြေကွဲစရာ၊ ရင်နာစရာကောင်းတဲ့ လူ့ဘ၀ကိုရောက်နေပါသလဲ.. ကျနော်တို့နေ့စဉ်ရှာဖွေနေတဲ့ ငွေတွေက ဘယ်လိုနေရာအတွက် အကျိုးချမှာလဲ ကျနော်တို့ သေချာပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။ သုံးသင့် သုံးထိုက်တဲ့နေရာမှ ကျနော်တို့ သုံးစွဲတတ်ဖို့လိုပါတယ်။ ကျနော်တို့ မိသားစု၊ ဆွေမျိုး၊ အသိုင်းအ၀န်းတွေထဲမှာကော ဒီလိုရောဂါသည်တွေ မဖြစ်လာနိုင်ဘူးလို့ အတပ်ပြောလို့ရမလား ဘယ်အရာမဆို ကိုယ်ပြုခဲ့တဲ့ ကံတရားအတိုင်းသွားကြရမှာပါပဲ။ ဘုရားပေးတဲ့အတိုင်းသာ ခံစားကြရမှာပါပဲ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီမယ်ဆို သူတို့လေးတွေရဲ့ဘ၀က ပိုပြီးသက်တောင့်သက်တာလေး ရှိကြမှာပါ။ ကူညီချင်သူများအားလုံး ဒီဆိုဒ် လေးကိုသွားပြီး အသေးစိတ်ဖတ်နိုင် လှူဒါန်းနိုင်ပါတယ်

မှတ်ချက်။ ။ မက်ဖန်ဆိုဒ် မှခွင့်ပြုချက်ယူ၍ ရေးသားပါသည်။

လေးစားလျက် တောင်ပေါ်သား
(မော(၀်)ရှမ်းမြေ အဖွဲ့ဝင်)
  • Share/Bookmark
ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ်

ချစ်တဲ့မြို့ငယ်လေး

အခုချိန်ဆို တောင်ပတ်လည်ဝိုင်းနေတဲ့ မြို့ငယ်လေး မိုးလင်းတာနဲ့ မြူတွေ ဘယ်လောက်တောင်ဆိုင်းနေမလဲ။ မြုတွေအုံဆိုင်းကျတာများ ဘယ်နေရာကြည့်ကြည့် မရှင်းလင်းနေဘူး။ အအေးဓာတ်ကလဲ ပိုကဲလိုက်တာ စိမ့်နေမှာပဲ။

ကျောင်းသားအရွယ် လုငယ်လေးတွေ အနွေးထည်ထူထူ ၊ ခြေအိတ် ၊ ခေါင်းဆောင်းတို့နဲ့ အေးခဲလှတဲ့ ဆောင်းမနက်ခင်း စောစောမှာ ကျူ၇ှင်ဆိုတာကို ပြေးရပေမဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လမ်းလျှောက်ရတော့ သူတို့မှာလဲ အေးတယ်မထင်။ ညကကျန်တဲ့ ရေခွက်ရေစည်တွေထဲက ရေတွေလဲ ခဲလို့။ ရေနွေးနဲ့ မျက်နှာမသစ်ရရင် မဖြစ်ချေဘူးလေ။

နေရောင်ကျရောက်လာချိန် မြုဆိုင်းနေဆဲ တောင်တန်းကိုလှမ်းကြည့်လိုက်တော့ ပန်းရောင်ကြွယ်နေတဲ့ ချယ်ရီတွေက ခိုက်ခိုက်တုန်နေတယ်လေ။တောင်ယာတောမှာ မီးခိုငွေ့တွေဝေနေတော့ တောင်ယာသားတို့ရဲ့ မနက်စောစော အေးအေးချမ်းချမ်းမှာ လုပ်ကိုင်နေပုံကလဲ တမျိုး မြင်ကွင်းရယ်ပေါ့။

တောင်ပတ်လည် ၀န်းနေတဲ့ဒီမြို့လေးရဲ့ နေထွက်ချိန်က နောက်ကျလိုက်တာ။ နေရောင်ပြပြ အလင်းရောက်ချိန်မှာတောင် အေးနေဆဲမို့ မီးဖိုနံဘေး ၀ိုင်းထိုင်နေဆဲပဲ။ မြေနီနီလမ်းမထက်မှာတော့ မနက်ခင်းမှာ လူနည်းပါးစွာနဲ့ မီးဖိုနံဘေးမှာပဲ ၀ိုင်းထိုင်နေဆဲပေါ့။နေ့လည် ဆယ့်တစ်နာရီအချိန်လောက်မှ နေရောင်ကောင်းကောင်း ကျရောက်လာချိန်မှာလဲ အနွေးထည်များ ချွတ်မထားရဲပဲ နေပူစာလှုံတယ်လေ။ညနေ နေ၀င်ချိန်ကဆောင်းတွင်းဆိုတော့ မှောင်ရိပ်စောသလို အအေးဓာတကလဲ ပိုပိုနက်လာတယ်။ မြို့ငယ်လေးမှာတော့ စောစီးစွာပဲ လူခြေတိတ်လို့ ကိုယ့်အိမ်ကိုယ်ယာမှာပဲ မီးဖို နံဘေးဝိုင်းထိုင်နေဆဲပေါ့။ အခါးရည်ပူပူကို ခေါက်ပုတ်ကြော်လေးနဲ့ ပူပူနွေးနွေး အစားစာကိုသာ ၀ိုင်းဖွဲ့စားသောက်ရင်း မိသားစု စကားဝိုင်းလေး ဖွဲ့နေကြတယ်လေ။

လွမ်းလိုက်တာ မြို့ငယ်လေးရယ်။။။။

 

ကျေးဇူးတင်လျက်

မငုံ ( မော(၀်)ရှမ်းမြေအဖွဲ့ဝင် )

  • Share/Bookmark
ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ်

ကျွန်တော်တို့ Gtalk ရပ်ဝန်းမှာ

ကျွန်တော်လည်း ရေးမယ်ရေးမယ်နဲ့ ရေးချင်တာကကြာပြီ ။ မအားလို့မရေးဖြစ်တာ ။ ဒီကြားထဲ ကောက်ကာငင်ကာထဖျားတော့ ပိုဆိုးတာပေါ့ ။ ဒီအကြောင်းရေးရတာ ကိုယ့်ပေါင်ကိုလှန်ထောင်းရာလည်းကျပါရဲ့  ။ မရေးရင်လည်း အားလုံးကရေငုံနှုတ်ပိတ်နေကြမလားပဲ ။ ဘယ်သူတွေဘယ်လိုထုတ်ဖော်ပြောပြီးလည်းတော့မသိဘူး ။ ကျွန်တော် ငရဲ တို့လည်း ရင်ဖွင့်ချင်လို့ပါ ။

ဒီလိုဗျာ … ကျွန်တော့်အကောင့်ကလည်း ဘယ်ကဘယ်လိုဖောင်းပွနေလည်းတော့မသိဘူး ပွကြီးကိုဖြစ်လို့ ။ လာလာ Add လိုက်ကြတာ နည်းနည်းနောနောမဟုတ်ဘူး ။ ယောက်ျားလား ၊ မိန်းမလားလည်း မခွဲခြားနိုင်ဘူး ။ ကျွန်တော်ကတော့ invite လုပ်လာတိုင်း Accept ပြန်ပေးပါတရ် ။ ကိုယ်နဲ့တစ်ကယ်ခင်ချင်သူတွေရှိနိုင်တရ် ။ အရေးကြီးလို့ invite လုပ်လာတာတွေရှိနိုင်တရ် ။ အကြောင်းအမျိုးမျိုးနဲ့ပေါ့ ကျွန်တော်အားလုံးကို Accept ပြန်ပေးပါတရ် ။ ပြီးရင် ကိုယ်ကတော့ စမပြောဖြစ်ဘူးဗျ ။ မပြောဖြစ်ဆို တစ်ခါက မလင်းလင်း ရေးထားတဲ့ ပို့စ်လေးတစ်ခုဖတ်မိတရ် ။ သူကလည်း သူ့ခံစားချက်ရေးထားတာပေါ့နော် ။ Busy ပြထားရင် နားလည်ပေါ့တဲ့ ။ တစ်ဖတ်သားက အားမှန်းမသိ မအားမှန်းမသိ အတင်းလိုက်ပြီးမိတ်ဆက်တရ် လိပ်စာတောင်းတရ်တဲ့ ။ အားနေချိန်ဆို အလိုက်သင့်ပြန်ပြောရတာ ကိစ္စမဟုတ်ပေမဲ့ အလုပ်ရှုပ်နေချိန်ဆို စိတ်တိုဖို့ကောင်းလို့ဆိုပြီး ရေးထားတာလေးဖတ်မိတဲ့အချိန်ကစပြီး ကျွန်တော်လည်း ကျွန်တော့်အကောင့်ထဲက လူမှန်သမျှကို ဘယ်သူ့ကိုမှ စမပြောဖြစ်တော့ပါဘူး ။ သူပြောတာလည်း ဟုတ်တရ်လေ ။ တစ်ဖတ်သားက အားမှန်းမသိ မအားမှန်းမသိ နားလည်ပေးရမှာပေါ့ ။ ကျွန်တော့်ကို လာပြောရင်တော့ ကျွန်တော်လည်း အားရင် ၊ ကွန်ပျူတာရှေ့ ရှိနေရင် ပြန်ပြောပါတရ် (ရှူး… gtalk ဖွင့်ပြီး အိပ်ပျော်နေတာများတရ် :D ) ။ ခုကအဲဒီ့ပြဿနာက အဓိကမဟုတ်ဘူး ။ အင်း ပြောရင်းနဲ့ရှုပ်ကုန်လားတော့မသိဘူး ။ ဒီလိုဗျာ….

တလောက တစ်ယောက် လာမိတ်ဆက်တရ် ။ hi တဲ့ ။ သူ hi တော့ ကိုယ်လည်းပြန် hi ရတာပေါ့ ။ အဲဒီ့မှာစတာပဲ ဇာတ်လမ်းက ။ ကောက်ကာငင်ကာ ကျွန်တော့်ကို ရည်းစားစကားလာပြောပါလေရော ။ တစ်ကယ်ဗျာ ။ ငရဲ တို့စွံပါတရ် ။ မနှစ်က တန်ဆောင်တိုင်ပြီးတော့ ငရဲ တို့စွံချက် မိန်းခလေးက စပြီးရည်းစားစကားအပြောခံရတာ(ကြုံတုန်းကြွားတာ ဟိဟိ..ခုတော့ ပြတ်သွားပါပီ :D )။ ဒီနှစ်တန်ဆောင်တိုင်နားနီးမှ ငရဲ တို့စွံပုံက ယောက်ျားချင်းတောင် ရည်းစားစကား အပြောခံရတဲ့ဘ၀နော် ။ တစ်ကယ်ရင်နာဖို့ကောင်းချက် :( ။ အဲဒါနဲ့ ပြန်ပြောတာပေါ့ ကျားမှန်းမသိ မ, မှန်းမသိ ရည်းစားစကားပြောရလားလို့ ယောက်ျား အချင်းချင်းကြီးလို့ ဘာညာပေါ့ …။ အဲဒီ့လိုလည်း ပြောလိုက်ရော ဘယ်ပြောကောင်းမလည်း ကံကောင်းချက်က မိုးမွှန်အောင် အဆဲခံရပါလေရောလား ။ ရုတ်တရက် အဆဲခံရတော့ စိတ်ကတိုသွားတာပေါ့ ။ အဲဒါနဲ့ သူရိုင်းတော့ ကိုယ်ကလည်း ပြန်ရိုင်းတာပေါ့နော် ။ ကျားကျားချင်းပဲ ဘယ်ပြောကောင်းမလည်း မိုးတွေကိုမွှန်ကုန်ရော ဟီးးးးး ။ ငရဲ လည်း gtalk ထဲမှာ ရန်ဖြစ်ဖူးပါတရ် ။ ဟိုးအရင်တုန်းကပေါ့ ။ အဲဒီ့တုန်းက ဒီလိုကိစ္စနဲ့တော့မဟုတ်ဘူး ။ သူက ကျားကိုမပြောပေမဲ့ ငရဲ နဲ့သိတဲ့ အမကြီးတွေ ကိုမဟုတ်ကဟုတ်က တွေသွားပြောတရ် ။ ကျွန်တော့်ကို ပြန်လာတိုင်တော့ အဲဒီ့မှာ ရန်ဖြစ်ပါလေရော ။ ရန်ကုန်ကတစ်ယောက်ပဲ ။ ကြာပါပြီ ။ အခုကျတော့ တွေ့သမျှ gtalk အကုန်လိုက် invite ။ တစ်ဖတ်က Accept ပြန်ပေးရင် တွေ့တာနဲ့ ယောက်ျားမှန်းမသိ မိန်းမမှန်းမသိ ရည်းစားစကားတန်းပြော ၊ ယောက်ျားပါဆိုတော့ မိုးမွှန်အောင်ဆဲ ၊ မိန်းမပါဆိုရင်တော့ အင်းးး မိန်းမပါဆိုရင်တော့ အပြောခံရတဲ့ ကာယကံရှင်မိန်းခလေးတွေ အသိဆုံးနေမှာပါပဲ ။

အခု ငရဲ တို့ အဲဒီ့ပြဿနာဖြစ်နေတာ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် ၄ ခါရှိပြီ ။ ပထမတစ်ခါနှစ်ခါ တုန်းကတော့ သူဆဲကိုယ်ဆဲနဲ့ နောက်ကျတော့ ကိုယ်ပဲစိတ်တိုပြီး block လုပ်နေရတာ ။ တတိယအကြိမ်ကျတော့ သူဆဲတာနဲ့ ကိုယ်ပြန်မဆဲတော့ဘူး ။ ယဉ်ယဉ်လေးပဲသုံးတော့တရ် ။ ပညာသားပါပါလေးပဲ နှပ်ပေးလိုက်တရ် ။ မကျေနပ်ရင်လာရှင်းဆိုပြီး ငရဲ လိပ်စာနဲ့ကိုပေးလွှတ်လိုက်တာ ဟဲဟဲ ။ အဲတစ်ယောက်ကျတော့ ဆဲရင်းဆဲရင်းနဲ့ သူကပဲ ငရဲ ကိုစ block သွားလေရဲ့  ။ တစ်ရန်ရှင်းလို့ မရှိလောက်တော့ပါဘူး အောက်မေ့တာ ဒီနေ့ နောက်တစ်ယောက်ဗျာ ။ တွေ့တာနဲ့ မမ တဲ့ ။ ကဲ …. အရပ်ကတို့ရေ ငရဲ တို့ ဘ၀ပြောင်းရတော့မယ်ထင်ပါ့ ။ အဲဒါနဲ့ ဒီတစ်ခေါက်ကျတော့ အရင်ကသင်ခန်းစာယူပြီး နဲနဲတော်ကီပွားပေးလိုက်တာ ။ မိန်းမဟုတ်ဘူး ယောက်ျားပါဆိုတဲ့ အကြောင်း ဘာညာပေါ့ ။ အဲဒါကို ကိုယ်တော်ချောက မယုံဘူးနဲ့တူပါရဲ့  ။ ငရဲ ကို voice လှမ်းခေါ်တရ်ဗျာ ။ ကြည့်ရတာ ကျားစစ်စစ်ဖြစ်ကြောင်း သက်သေယူချင်လို့ထင်ပါရဲ့  ။

တစ်ကယ်ပါ ။ ဒီအကြောင်းလေး ရေးမယ်ရေးမယ်နဲ့ ဒုတိယအကြိမ်မြောက်ဖြစ်ကတည်းက ရေးချင်နေတာ ။ ငရဲ လည်း မနက်ကျောင်းသွား ညနေကျောင်းပြန်နဲ့ အားဘူးရယ် ။ တစ်လောက ငရဲ အကောင့်ထဲက သူငယ်ချင်းလည်း ဒါမျိုးကြုံလို့နဲ့တူတရ် ” ပီတိသူငယ်ချင်းများ အထူးသဖြင့် မိန်းခလေးသူငယ်ချင်းများသိစေရန် ” ဆိုတဲ့ forward မေးလ်တစ်စောင်ဝင်လာလို့ ဖတ်ကြည့်တော့မှ အတူတူဖြစ်နေတရ် ။ သူက တစ်ခေါက်ထဲကြုံရသေးတာ ။ ဘာလို့လည်းဆိုတော့ သူ့မေးလ်ထဲမှာ အဲဒီ့ကောင်ရဲ့  gtalk လိပ်စာပါနေလို့ပဲ ။ ငရဲတို့က ၄ ခါမြောက်ရှိပြီ ။ နောက်ထပ်လည်း ကြုံနိုင်သေးတာပဲ ။ ဘာပဲဖြစ်ဖြစ် ဒါမျိုးကတော့ ယောက်ျားလေးကော မိန်းခလေးကော သတိထားကြပေါ့ဗျာ ။ ယောက်ျားလေးဆိုလည်း အဆဲခံရမယ် ။ မိန်းခလေးဆိုလည်း ရည်းစားစကားအပြောခံရမယ် (စ hi တာနဲ့နော်) ။

အဲဒီ့လိုလုပ်နေတဲ့ကောင်တွေကို ဘယ်လိုလူစားတွေလည်းလို့ ငရဲ တွေးကြည့်သေးတရ် ။ တွေးလို့တောင်မရဘူး ။ ဘယ်လိုခေါ်ရမလည်း ။ အလုပ်မရှိအကိုင်မရှိလို့ ခေါ်မလား ။ တမင်လိုက်ဖွန်ကြောင်နေတဲ့ကောင်တွေလို့ခေါ်မလား ။ မသိတော့တာတော့အမှန်ပဲ ။ ယောက်ျားချင်းကျတော့ အပေါင်းအသင်းလုပ်လို့မရတော့ဘူးတဲ့လား ။ လုပ်လို့ရသမှလေ ငရဲနဲ့ပေါင်းမိတဲ့ ကိုခွန်ဖတို့တော့ ပြန်လာရင် ဘော့ဒ်ကာဝယ်ပေးခဲ့ဖို့ တတွတ်တွတ်မှာတုန်း(ပေါင်းသင်းလို့ရတာပြောပါတရ်) ။ ငရဲ တော့မပြောတတ်တော့ဘူးဗျာ ။ ကိုယ့်ဘာသာ ကြည့်ရှောင်ကြပေတော့ ။ အဲဒီ့လိုကောင်မျိုးတွေက ကျားကော မ ကော အလွတ်ပေးတဲ့ကောင်တွေမဟုတ်တာတော့ အမှန်ပဲ ။ account လေးတွေတော့ မပြောတော့ပါဘူး ။ တစ်ကယ်လို့သိချင်တဲ့သူ များနေရင်တော့ နောက်မှပဲ ကောမန့်မှာ လာရေးတော့မယ် ။ တကယ်ပါ ။ ကျွန်တော် ငရဲ လည်း ဆောင်းဦးလှိုင်လို သီချင်းအော်ဆိုလိုက်ချင်တရ် ” ကျွန်တော်တို့ Gtalk ရပ်ဝန်းမှာ ” လို့လေ ။ အားလုံးပဲ ဒီဒုက္ခက ကင်းဝေးနိုင်ကြပါစေဗျာ ။

(ကိုရဲ)

  • Share/Bookmark
ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို Print ထုတ်မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ် ဒီပိုစ့်ကို သူငယ်ချင်းဆီ E-mail ပို့မယ်

အိပ်မက်အလွမ်း

  • Share/Bookmark