မွေးရပ်မြေနဲ့ ရိုးရာဓလေ့များ (၂)
မတ်လ ၁၀ ရက်နေ့မှာ မြန်မာလို နေ့ထူးနေ့မြတ် ဖြစ်တဲ့ တပေါင်းလပြည့်နေဖြစ်ပါတယ်။ တပေါင်းလဆိုတာနဲ့ ကျွန်မတို့ ရှမ်းပြည်ကို လူသိတာက ပင်းတယတပေါင်းပွဲပဲ ဖြစ်ပါတယ်။ မှန်ပါတယ်။ ပင်းတယ တပေါင်းပွဲဟာ အင်မတန်မှ စည်ကားလှတယ်။ ကြုံရင် အလည်တစ်ခေါက် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ ဓနုသံလေးက တော်တော်လေး ချစ်စရာကောင်းပါတယ်။
ပင်းတယေ၇ွှဥမင်လိုဏ်ဂူ.ကုက္ကိုပင်ကြီးများ၊ သုဓနုမင်းသားနဲ့ ဒွေးမယ်နော် ဇာတ်လမ်းတည်ရာ ရေကန်ကြီး၊ ဓနုရိုးရာ အစားအစာ (ဓနုမလေးတွေလဲ ချောတယ်ဗျ။) အစရှိသည်ဖြင့် တွေ့ရမှာဖြစ်ပါတယ်။ ကျွန်မကတော့.အဲဒီပွဲတော်မှာ ထမင်းချဉ်ကို အကြိုက်ဆုံးပဲ။ ဖုန်တထောင်းထောင်းနဲ့ သွားရတာ ပျော်စရာကြီး။ လိုဏ်ဂူတွင်းမှာလဲ လူစည်ကားလွန်းနေပါတော့တယ်။ နောက် ကုံလုံဘုန်းဘုန်းကျောင်းကို သွားကာ သတ်သတ်လွတ် ထမင်းကလဲ စားကောင်းတယ်။ နောက် သိရိဓမ္မသောက လှူဒါန်းတဲ့ ရေကန်ပေါင်းရှစ်သောင်းလေးထောင်ထဲမှာပါတဲ့ ကြာပွင့်ကန်ကို [...]






