ရှမ်းပြည်အမျိုးသားနေ့အကြောင်းသိကောင်းစရာ

post by: အိုက်ခီလောက်
http://fdypress.ning.com/forum/topic…sg_share_topic

ရှမ်းပြည်အမျိုးသားနေ့အကြောင်းသိကောင်းစရာ
ရှမ်းပြည်လူထုခေါင်းဆောင်များနဲ့ စော်ဘွားများဦးဆောင်ကာ ကမကထပြုမှုအရ ရှမ်းပြည်အလယ်ပိုင်းယခင်လဲချားနယ် ပင်လုံမြို့မှာ ၁၉၄၇ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၁၀ ရက်ကြာ ကျင်းပခဲ့တဲ့ ဒုတိယ ပင်လုံညီလာခံဟာ `ဖေဖော်ဝါရီ ၇ ရက် ရှမ်းပြည်အမျိုးသားနေ့ နဲ့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ (၀ါ) ပင်လုံစာချုပ်နေ့ `တွေပေါ်ပေါက်စေခဲ့တဲ့ ကမ္ဘာကျော်သမိုင်းဝင်နေ့ဖြစ်ပါတယ်။
ပင်လုံစာချုပ်မထိုးခင် တစ်ရက်အလို ၁၁-၂-၁၉၄၇ နေ့မှာ ရှမ်းပြည်ကောင်စီဥက္ကဌ စ၀်ခွန်ပန်းစိန်က ရှမ်းပြည်လူမျိုးပေါင်းစုံနဲ့ပတ်သက်အကြုံး
ဝင်တဲ့ အောက်ပါဆုံးဖြတ်ချက် ၃ ရပ်ကိုချမှတ်ခဲ့ပါတယ်။
(၁) ဖေဖော်ဝါရီ [...]

မိုင်းကိုင်မြို့လေးရဲ့ ကြေကွဲဖွယ် မှတ်တမ်း တစ်ပုဒ် (သို့မဟုတ်) ခွန်ဆမ်လော နဲ့ နန်းဦးပြင်

ရေးသားသူ ။ ။ ခီခန့် (ငပျင်း)  သီချင်း။  ။ MyNativeLand
မိုင်းကိုင် – တောင်ကြီးကနေမိုင်းကိုင်ကို သွားမယ်ဆိုရင်…. မိုင်တရာကျော်ဝေးပါတယ်…။ ရှမ်းတောင် ကနေပြီး.. ရှမ်းအရှေ့ဘက်ကို သွားတဲ့ လမ်းအတိုင်းသွားမယ်ဆိုရင်တော့….တောင်ကြီး>ဟိုပုံး>မိုင်းပွန်>လွယ်လွိုင် အထိသွားပြီး.. လွယ်လွိုင်မြို့မှ.. လမ်းခွဲထွက်ကာ..ပင်လုံ > လဲချား> မိုင်းကိုင်..မြို့ကိုရောက်ပါတယ်.. ။ နန်းဦးပြင်နေတဲ့မြို့ပေါ့…။
ခွန်ဆမ်လောကတော့ ကုန်သည်တဦးဖြစ်ပြီး… ကျိုင်းတောင်း မြို့မှာ နေတာဖြစ်ပါတယ်… ကျိုင်းတောင်းမှ.. မိုင်းကိုင်ကိုလာမယ်ဆိုရင်… ရှမ်းအရှေ့ဘက်ကနေ.. ရှမ်းတောင်ကို လာတဲ့ လမ်းအတိုင်း.. ကျိုင်းတောင်း> နမ့်စန်> လွိုင်လင်> ပင်လုံ >လဲချား> မိုင်းကိုင် မြို့ကိုရောက်ပါတယ်.. ကြားထဲမှာ.. မိုင် ၁၀၀ ကျော်ဝေးပါတယ်..။တရွာသူ နန်းဦးပြင်ကို ချစ်ကြိုက်မိတဲ့ ခွန်ဆမ်လောဟာ မိုင်တစ်ရာကျော်ခရီးကို မြင်း စီးပြီး လူပျိုလှည့်ခဲ့ပါသတဲ့။
သူတို့ ချစ်သူ နှစ်ဦးဟာ [...]

အမှန်တရား

လူရယ်လိုဖြစ်လာရင် ဘ၀မှာ ဘာအရေးကြီးဆုံးလဲဆိုတာ သိဖို့အရေးကြီးဆုံးပါ။ ငါဆိုတဲ့ အတ္တတခုထဲကို ကြည့်ပြီး လုပ်ချင်တာလုပ်ခဲ့ရင် တဦးတယောက် စိတ်ချမ်းသာဖို့အတွက်နဲ့ လူသားတိုင်းစိတ်ဆင်းရဲနေရမယ်ဆို လူဖြစ်ရတာ မတန်ပါဘူး။ လူသားတိုင်းအတောင့်တဆုံးက လူဖြစ်လာရင် မိသားစုအသိုက်အမြုံ၊ ဆွေမျိုးသူငယ်ချင်း အပေါင်းအသင်း ပြည့်စုံစွာနဲ့ နေချင်ကြတာချည်းပါပဲ။ ဒီလိုလူသားတွေရဲ့ အသိုက်အမြုံကို ဖြိုဖျက်တဲ့လူတွေဟာ ဘ၀တခုလုံး နောင်တတရားတွေ ရနေမှာပါ။ ဒီလိုပဲ လူသားဖြစ်တဲ့အလျောက် အမှားများစွာကိုလဲ လုပ်ခဲ့မိကြတာချည်းပါပဲ။ ဒီအမှားတွေကို အချိန်နှောင်းနေပါစေဦး ပြင်ချင်တယ်ဆိုရင် ပြင်လို့ရပါသေးတယ်။ ကိုယ့်တယောက်ထဲရဲ့ စည်းစိမ်၊ ပြည့်စုံမူတွေကို မကြည့်ပဲ လူသားအားလုံးအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။

အမှန်တရားကိုလက်ဝယ်ပြုလို့ ဆင်းရဲစွာနေနေတဲ့လူတွေလဲ အများကြီးပါ။ ဒါပေမဲ့ သူတို့ရဲ့ စိတ်လေးတွေဟာ အမြဲဖြူစင်သန့်ရှင်းနေမှာပါပဲ။ အမှန်တရားကို မြင်နေပါလျက်နဲ့ မျက်စိပိတ်ငြင်းနေတဲ့ လူတွေကိုကျတော့ ဘယ်လို ခေါ်နိုင်သလဲ [...]

ဝက်တုပ်ကွေး အန္တရာယ် ကာကွယ်ပါ

ဟော … ရာသီဥတု အပြောင်းအလဲမှာ ရောဂါတွေ  ပိုးတွေလည်း အမျိုးမျိုးပြောင်းလဲ ပြီး လူတွေကို ဒုက္ခ အမျိုးမျိုးပေးနေကြပြန်ုပြီနော် … ဝက်တုပ်ကွေးတဲ့ ဗျို့ ။
ဗမာပြည်က တချို့ လူတွေ ကတော့ ဝက်သားဈေးကျမဲ့ အရေး တွေးမျှော်ပြီး ပျော်ရင်တောင် ပျော်နေကြ အုံးမယ်ထင်ပါရဲ့  ။ ဘာကြောက်စရာမှမရှိတာနော် ။ အဲဒီ ဝက်ကို ဆူအောင် ကျက်အောင် ချက်ရင် ဒီဝက်သားမှ နေပြီး ရောဂါ ကူးစက်နိုင်မှာမှ မဟုတ်တာကြီးကို။ မီးအပူချိန် ၈0 ဒီဂရီစင်တီဂရိတ်မှာ နာရီဝက် ဆူအောင်ချက်ရင် ဒီ ဝက်ထဲ က ဗိုင်းရပ်စ် ပိုးလဲ မရှင်နေနိုင်ပါဘူးလေ ။

ဒါပေမဲ့  ဒီအကောင်တွေက နေ လူတွေကို တခြားနည်းတွေနဲ့ ကူးစက် ပြီး နောက် လူ မှ လူ အချင်းချင်း ရောဂါ ပျံ့ စေတော့ မှ ၊ လူတွေ သေကြမှ ဘဲ အားလုံးကြောက်ကုန်ကြတာပေါ့ ။
ခုတလော [...]

ဒုက္ခပေးတဲ့ ကျောက်ကလေးများ…..

ဪ… စောစောစီးစီးဖုံးသံကြောင့်နိုးရပြန်ပြီ ။ အရေးပေါ် ခန်းကခေါ်သံပေါ့ ။အပြေးအလွှားဆင်းပြေးကြည့်တော့ အသက် ၃၀ ကျော် လူလတ်ပိုင်းတယောက် ဆောင်းတွင်းအေးနေတဲ့အချိန် ချွေးစေးတွေပြန်လို့  ။ ညာဘက်လက်ကလဲ ခါးနဲ့ဗိုက်နဲ့ကို နှိပ်ပြီး ထော်လီလေးပေါ်မှာ တဖက်စောင်းလေးလှဲ ပြီး အန်နေတာ ။အန်တဲ့  အိတ်လေးထဲလှမ်းကြည့်လိုက်တော့ စိမ်းဝါရောင် အရည်တချို့နဲ့ မကြေညက်သေးတဲ့  အစာဖတ်တချို့ တွေ့ ရပြီး  အရက်နံ့ ပုပ်အက်အက်ဟာ အပေါ်က တပ်ထားတဲ့  mask ကို ဖြတ်ပြီးကိုယ့် နှာခေါင်းထဲကို စူးကနဲ ဝင်ရောက်လာပါတယ်။ ရောဂါရာဇဝင်ကမန်းကတမ်းမေးပြီး ပက်လက်လှန် အိပ်ခိုင်းတော့ ပက်လက်တောင်မလှဲနိုင်ဘူး ။လူးလှိမ့်နေတာလေ ။ ဒီတော့ ဖြစ်နိုင်ခြေ ရောဂါ ၂ မျိုး အတွက် ဦးစားပေးလုပ်ရတာပေါ့ [...]