ကျနော်တို့ နေထိုင်ကြတဲ့ ဤကမ္ဘာလောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ကောင်းတာတွေ ဆိုးတာတွေကို မျိုးစုံခံစားကြရတာပဲ။ ဒီလိုပဲသိပ္ပံပညာတွေ ဘယ်လောက်တိုးတက်တိုးတက် လူလောကမှာ တချို့သောရောဂါဝေဒနာတွေကို ပျောက်ကင်းအောင်မကုသနိုင်သေးသလို တချို့ရောဂါတွေကလဲ ဆေးပညာအရ ရှာဖွေကုသဖို့ ခက်ခဲတတ်ပါတယ်။ ဥပမာ အေအိုင်ဒီအက်စ်၊ ကင်ဆာရောဂါ စသည်ဖြင့်ပေါ့.. ဒီလိုရောဂါမျိုးတွေကို ခံစားနေရတဲ့လူတွေဟာ လူလောက အပြင်ဘက်ကို အလိုလိုနေရင်း ရောက်ရှိသွားတတ်ပါတယ်။ ဒါတွေဟာ ဘယ်သူ့အပြစ်လဲဆိုတော့ ကျနော်တို့လို လူကောင်းတွေရဲ့ လူမဆန်မှုတွေ၊ လူသားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်တွေကို ကျနော်တို့ မကျင့်ကြံနိုင်လို့လဲ ဖြစ်ပါတယ်။ တကယ်တမ်းလူပမာတယောက်ကို နေ့စဉ်ပြုစုပေးနိုင်ဖို့ဆိုတာကလဲ စိတ်ဓါတ်တွေ တော်တော်လေးရှည်ရှည်ထားပြီး စိတ်ရင်းစေတနာအပြည့်နဲ့ မေတ္တာတွေမျှပြီး ပေးစွမ်းနိုင်ဖို့လိုပါတယ်။ လူအချင်းချင်း နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ကျနော်တို့လူသားတွေအဖို့ အလုပ်ထဲမှာ အဆင်မပြေခဲ့ရင် အိမ်မှာကျန်ခဲ့တဲ့ ရောဂါသည်ကို ဘယ်လောက်ထိ စိတ်ရှည်နိုင်မလဲ။ ကျနော်တို့ရဲ့ရောဂါသည်ကရော [...]
ကျွန်တော်လည်း ရေးမယ်ရေးမယ်နဲ့ ရေးချင်တာကကြာပြီ ။ မအားလို့မရေးဖြစ်တာ ။ ဒီကြားထဲ ကောက်ကာငင်ကာထဖျားတော့ ပိုဆိုးတာပေါ့ ။ ဒီအကြောင်းရေးရတာ ကိုယ့်ပေါင်ကိုလှန်ထောင်းရာလည်းကျပါရဲ့  ။ မရေးရင်လည်း အားလုံးကရေငုံနှုတ်ပိတ်နေကြမလားပဲ ။ ဘယ်သူတွေဘယ်လိုထုတ်ဖော်ပြောပြီးလည်းတော့မသိဘူး ။ ကျွန်တော် ငရဲ တို့လည်း ရင်ဖွင့်ချင်လို့ပါ ။
ဒီလိုဗျာ … ကျွန်တော့်အကောင့်ကလည်း ဘယ်ကဘယ်လိုဖောင်းပွနေလည်းတော့မသိဘူး ပွကြီးကိုဖြစ်လို့ ။ လာလာ Add လိုက်ကြတာ နည်းနည်းနောနောမဟုတ်ဘူး ။ ယောက်ျားလား ၊ မိန်းမလားလည်း မခွဲခြားနိုင်ဘူး ။ ကျွန်တော်ကတော့ invite လုပ်လာတိုင်း Accept ပြန်ပေးပါတရ် ။ [...]
သီတင်းကျွတ်အခါကို ရောက်လို့လာပြီ။ ဒီလိုနေ့ထူးနေ့မြတ်မှာ မောင်နှမအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပြီး ဘာသာ ၊ သာသနာအကျိုးကို ပိုဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပေးတယ်နော့။ ဒီလို သီတင်းကျွတ်ပြီဆိုရင် ကျွန်မရဲ့ မွေးရပ်မြေလေးမှာ သီတင်းကျွတ်ကာလ ဖြတ်သန်းရပုံလေးကို သတိရမိတယ်။ ကျွန်မတို့ မြို့လေးရဲ့ ဓလေ့အတိုင်း သီတင်းကျွတ်လပြည့်မတိုင်ခင် အဖိတ်နေ့ညမှာ ဘိုးဘွားမိဘဆရာသမား လူကြီးသူမများကို သွားရောက်ကန်တော့ ကြပါတယ်။ အဲဒီလို ကန်တော့ရောက်လာကြသူများကို အိမ်ရှင်များမှ ဟင်းထုတ်များ ၊ အကြော်များ ၊ ဖျော်ရည် နဲ့ တခြား ဧည့်ခံစရာများနဲ့ ဧည့်ခံကြပါတယ်။
သီတင်းကျွတ်အဖိတ်ညကတည်းက တာဝတိံမှ ပတ္တမြားစောင်းတန်း ၊ ရွှေစောင်းတန်း ၊ ငွေစောင်းတန်းမှ ကြွမြန်းလာတဲ့ မြတ်စွာဘုရားကို ရည်းစူးပြီး ဘုရားကျောင်းဆောင်ပုံလေးများကို ရှမ်းစကူဖြင့် ပြုလုပ်ပြီးရောင်းချထားတာကို ၀ယ်ယူပြီး သစ်သီးပန်းမန်များဖြင့် [...]
ရေးသားသူ ။ ။ ခီခန့် (ငပျင်း) သီချင်း။ ။ MyNativeLand
မိုင်းကိုင် – တောင်ကြီးကနေမိုင်းကိုင်ကို သွားမယ်ဆိုရင်…. မိုင်တရာကျော်ဝေးပါတယ်…။ ရှမ်းတောင် ကနေပြီး.. ရှမ်းအရှေ့ဘက်ကို သွားတဲ့ လမ်းအတိုင်းသွားမယ်ဆိုရင်တော့….တောင်ကြီး>ဟိုပုံး>မိုင်းပွန်>လွယ်လွိုင် အထိသွားပြီး.. လွယ်လွိုင်မြို့မှ.. လမ်းခွဲထွက်ကာ..ပင်လုံ > လဲချား> မိုင်းကိုင်..မြို့ကိုရောက်ပါတယ်.. ။ နန်းဦးပြင်နေတဲ့မြို့ပေါ့…။
ခွန်ဆမ်လောကတော့ ကုန်သည်တဦးဖြစ်ပြီး… ကျိုင်းတောင်း မြို့မှာ နေတာဖြစ်ပါတယ်… ကျိုင်းတောင်းမှ.. မိုင်းကိုင်ကိုလာမယ်ဆိုရင်… ရှမ်းအရှေ့ဘက်ကနေ.. ရှမ်းတောင်ကို လာတဲ့ လမ်းအတိုင်း.. ကျိုင်းတောင်း> နမ့်စန်> လွိုင်လင်> ပင်လုံ >လဲချား> မိုင်းကိုင် မြို့ကိုရောက်ပါတယ်.. ကြားထဲမှာ.. မိုင် ၁၀၀ ကျော်ဝေးပါတယ်..။တရွာသူ နန်းဦးပြင်ကို ချစ်ကြိုက်မိတဲ့ ခွန်ဆမ်လောဟာ မိုင်တစ်ရာကျော်ခရီးကို မြင်း စီးပြီး လူပျိုလှည့်ခဲ့ပါသတဲ့။
သူတို့ ချစ်သူ နှစ်ဦးဟာ [...]
ဒီလို တော်သလင်းလဆိုရင် ကျွန်မတို့ မွေးရပ်မြေလေးမှာတော့ ဖောင်တော်ဦးဘုရားပွဲတော်ရှိပါတယ်။ ဒီဖောင်တော်ဦး ဘုရားက ပင်လောင်းမြို့ရဲ့ အနီးနားက ပင်လောင်းကြီးဆိုတဲ့ ရွာလေးမှာ တည်ရှိတယ်လေ။ ဒီပင်လောင်းကြီးဒေသဟာ တောင်ထူထပ်ပြီး ဂူပေါင်းများစွာရှိတယ်။ ဒီဂူတွေထဲကို အင်္ဂလိပ်ခေတ် ၊ ဂျပန်ခေတ် စတဲ့စစ်ကြီး ခေတ်တွေမှာ သွားရောက်နေထိုင် ခိုအောင်းကြရတယ်လို့ လူကြီးသူမများပြောတာ ကြားဖူးပါတယ်။ ကျွန်မတို့ ပင်လောင်းမြို့လေးကို လူအတော်တော်များများသိတာက ပအိုဝ့်လူမျိုးအများစု နေထိုင်ရာပေါ့။ မှန်ပါတယ်။ ကျွန်မမွေးရပ်မြေရဲ့နယ်မြေလေးမှာ အများစုက ပအိုဝ့်လူမျိုးများဖြစ်ပြီး ရှမ်း ၊တောင်ရိုး အသင့်အတင့် နေထိုင်ပါတယ်။ ဒီပင်လောင်းကြီးကျေးရွာမှာတော့ ရှမ်းလူမျိုးများချည်းသာ နေထိုင်ပါတယ်။ အဓိက လက်ဖက်ခြောက်လုပ်ငန်း ၊ ရှမ်းစက္ကူလုပ်ငန်းနဲ့ အသက်မွေးပါတယ်။
ဒီဖောင်တော်ဦးဘုရားပွဲကို ပင်လောင်းမြို့နယ်တစ်ခွင် ရပ်နီးရပ်ဝေးမှ တိုင်းရင်းသားများ လာေ၇ာက်ကြပါတယ်။ ဒီအတွက်လာရောက်သမျှ ဧည်သည်များကို ကျွေးမွေးရန် ပင်လောင်းကြီး ဖောင်တော်ဦးဘုရားပွဲရဲ့ဟင်းလို့ [...]