လွမ်းနေမိဆဲပါ
ဒီအချိန်ဆို ကျနော့်မွေးရပ်မြေမှာ
မြူခိုးတွေဝေနေတဲ့ အချိန်လေးပေါ့
အေးချမ်းလှတဲ့ လေနုလေးတွေကြားမှာ
ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားခဲ့တဲ့
ရင်ခုန်ခဲ့ဖူးတဲ့ အချိန်တွေကို ပြန်တွေးရင် လွမ်းနေမိဆဲပါ…….
မိုးနှောင်းလို့ ဆောင်းအ၀င်
မြူခိုးတွေမှိုင်းနေတဲ့ လမ်းငယ်လေးတွေ
ဘာတွေဘယ်လိုပြောင်းပြောင်း ထာဝရတည်ရှိနေမဲ့
မြင့်မားလှတဲ့ ရှမ်းတောင်တန်းကြီးတွေ
ရင်ထဲမှာ အမြဲလိုလို လွမ်းနေမိဆဲပါ……..
ရင်ကိုဆူပွက်စေတဲ့ ရှမ်းအိုးစည်၊ဗုံမောင်းသံတွေ
ဘယ်အချိန်ကြည့်ကြည့် မရိုးပဲလှပစေမဲ့ ရိုးရာမီးပုံတွေ
ဖော်ရွေခင်မင်တတ်တဲ့ သူငယ်ချင်းတသိုက်
ရိုးသားလှတဲ့ ဒို့မြို့သူ၊ မြို့သားတွေ
အမြဲကို တမ်းတ လွမ်းနေမိဆဲပါ…….
လက်ရှိတော့လည်း ယုံကြည်ချက်တွေ မှုန်ဝါးလို့
ပျော်ရွှင်မူတွေ ကွယ်ပျောက်နေဆဲ
အကျဉ်းထောင်မကျတကျ အခန်းလေးထောင့်လေးထဲမှာ
တယောက်ထဲ အထီးကျန်ဘ၀ကို ဆက်လျှောက်ရင်
ပိုင်ဆိုင်တာဆိုလို့ ဒီလက်တော့စ်လေးတလုံး
ဘယ်တော့မှမမေ့ မွေးရပ်မြေကို ထာဝရ လွမ်းနေမိဆဲပါ…….
လေးစားလျက် တောင်ပေါ်သား (မော(၀်)ရှမ်းမြေအဖွဲ့ဝင် )
“မေမေ သို့ ပေးစာ”
လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ချက်ကျွေးခဲ့တဲ့ ဟင်းခွက်လေးတွေကိုပေါ့
မြို့ ပြမွမ်းကျပ်မှုတွေရဲ့ အလည်
အားငယ်စွာရုန်းကန်ရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”
လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ချုပ်ပေးခဲ့တဲ့ အင်္ကျိလေးတွေကိုပေါ့
ဆေးဆိုးပန်းရိုက်မျက်နှာတွေရဲ့ အလည်
နွမ်းလျှစွာပြန်လည်ပြုံးပြရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”
လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ပြောခဲ့ဖူးတဲ့ အားပေးစကားလေးတွေကိုပေါ့
ဟန်ဆောင်မုသားစကားတွေရဲ့ အလည်
တိုးဝှေ့လို့ကျော်ဖြတ်ရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”
လွမ်းတရ် “မေမေ”
တစ်ချိန်က
နွေးထွေးတဲ့ မေမေရဲ့ အချစ်မေတ္တာတွေကိုပေါ့
မာယာတွေပြည့်နေတဲ့ အချစ်မေတ္တာတွေရဲ့ အလည်
ကြိုးစားလို့ရုန်းထွက်ရင်း
နွေးထွေးတဲ့ “အမေ့ရဲ့ အိမ်” လေးဆီကို သားအရောက်ပြန်လာခဲ့မယ် “မေမေ”
ဝေးတမြေမှ မေမေ့ကို အောက်မေ့လွမ်းဆွတ်လျှက် (ကိုရဲ)
အမေ
အမေ အချိန်တန်လို့ သားမပြန်လာရင်
မျှော်နေတတ်တဲ့အမေ
အခုဆို အမေ့ဆီ သားမရောက်တာ
နှစ်အတော်တောင် ကြာနေပြီပေါ့
အမေအခုထိ သားကို မျှော်နေတုန်းလား
သားသမီးတွေ လူပုံအလယ်
မျက်နှာမငယ် စိတ်မပျက်ရအောင်
အမေ့စွမ်းအား ထုတ်ကာပြလို့
လူလားမြောက်အောင် ပြုစုခဲ့တယ်
သူများနဲ့တန်းတူ အမေထားနိုင်ခဲ့တယ်
အရွယ်ငယ် နုပျိုစဉ်အချိန်က
လှပတဲ့ ရုပ်ရည်ကို ဂရုမစိုက် နေပူမိုးရွာ
ပင်ပန်းစွာ အမေရှာဖွေ ကျွေးမွေးခဲ့တယ်
အရွယ်လွန် ဒီဇရာရောက်လာတော့
ဒီငမိုက်သားတယောက် အမေ့ကို ကောင်းမွန်စွာ မပြုစုနိုင်ဘူး
အမေချက်တဲ့ ထမင်းနဲ့ဟင်း
မကြိုက်လို့ အကြိမ်ကြိမ်အခါခါ လွင့်ပစ်ဖူးပါရဲ့
အခုချိန် ဒီသားမောင် ကြိတ်မှိတ်ကာ လွေးရတယ် ကြက်နဲ့ပုဇွန်
နှစ်ပါးသွားလို့ အဝေးရောက် သားအဖြစ်ကို အမေမြင်ရင်ဖြင့်
ဂရုဏာမျက်လုံးတွေနဲ့ ကြည့်နေမှာ အမှန်ပါပဲ
တောင်ပေါ်သား
အလွမ်းမပြေတဲ့ ဒို့ မောရှမ်းမြေ..
လာချင်ရင်အနီးလေးပေမဲ့ 
လာချင်သော်လည်း ခရီးဝေးခဲ့
အဝေးမှ ဆွေးရရုံ နေ နေရသူအဖို့ 
ငယ်စဉ်က တမြေကျေးကို
အတွေးထဲမှာ မြင်ယောင်ရင်း ကြည်နူးရပါတဲ့
ဟိုး ဝေးတနေရာမှ ဒို့ မောရှမ်းမြေသို့ ။
ပွင့်လင်းရိုးသား ဒို့ ရှမ်းများရဲ့ 
ဟန်ဆောင်မှုကင်း ဒီချစ်ခြင်းတွေနဲ့ 
ယိုင်းပင်းကူညီ တည်ကြည်တဲ့  စိတ်အသွင်ဟာ
ဒီကမ္ဘာမြေ တနေရာမှာ ထာဝစဉ် ကိန်းဝပ်နေမှာပါ။
တောင်တန်းပြာပြာ ကောင်းကင်ပြာနဲ့ 
ဆောင်းဦး လေမြူး ဒီချိန်ထူးမှာ ပွင့်ဖူးကြတဲ့ ပန်းချယ်ရီနဲ့ 
ချိုသာ လှပ ရှမ်းအက နဲ့  ရှမ်းအိုးစည်သံ ဗုံမောင်းသံဟာ
ဝေယံတခွင် ရှမ်းမြေပြင်ကို အလှဆင်၏ ။
ရသာထူးခြား စားစရာများမှ ရှမ်းပဲပုပ် နှင့် ရှမ်းခေါပုပ် ကို
တလုပ်ဖြစ်ဖြစ် စားချင်ပါ၏ ။
ရွှေအင်းသားရဲ့  ခရမ်းချဉ်ကဲတဲ့  ငါးထမင်းချဉ် နဲ့ 
ဝက်ခေါက်ကင် နဲ့  [...]






