ရွှေဧည့်သည်များအတွက် သတင်းကောင်း

အလည်လာကြတဲ့ ရွှေဧည့်သည်များအတွက် အထူးသတင်းကောင်းတစ်ခုပါပဲ..။ ကျွန်တော်တို့ရဲ့ ဆိုဒ်ကို အလည်လာခဲ့တဲ့အတွက် အထူးပင်ကျေးဇူးတင်ကြောင်း ဦးစွာပထမပြောကြားလိုပါတယ်…။ ကျွန်တော်တို့ရဲ့ဆိုဒ်အပေါ် တောင်းဆို အကြံပြုချက်များကိုလည်း နွေးထွေးစွာကြိုဆိုနေပါတယ်..။ အခုကတော့.. ကျွန်တော်တို့ မော(၀်)ရှမ်းမြေ ဆိုဒ်လေးဟာ ဘာလိုလိုနဲ့  ဧပြီလ ၁ ရက်နေ့ဆိုရင် ဆိုဒ်သက်တမ်းလေး ၁ လ ပြည့်ပါပြီ။ ၁ လပြည့်အထူးအစီအစဉ်အနေနဲ့ အလည်လာ ရွှေဧည့်သည်များရဲ့ တောင်းဆိုမူုများကြောင့်             “ ရွှေဧည့်သည်များရဲ့ ပိုစ့်များ ” ဆိုပြီး သီးသန့်ပိုစ့်တွေကို မော(၀်)ရှမ်းမြေတွင် တာဝန်ရှိသူများက စီစစ်ပြီး ရွေးချယ်တင်သွားပေးမယ့်အကြောင့် သတင်းကောင်းပါးအပ်ပါတယ်…။
စာမူများကို admin@mawshanmyay.org ကို တိုက်ရိုက်ပေးပို့နိုင်ပါတယ်…။
ရွေးချယ်မခံရသော ပိုစ့်များကို ပိုင်ရှင်ထံပြန်လည်ပို့ပေးမည်မဟုတ်ပါ။ ပိုစ့်များပို့ရာတွင်… အမြင်ရိုင်းစေသော စာများ ၊ ရုပ်ပုံများ ညစ်ငြမ်းစာများ ၊ [...]

မေမေ့အဓိပ္ပါယ်

M= is for the millions things she gives us.
အမေကကျွန်ုပ်တို့ကို ပေးခဲ့တဲ့သန်းပေါင်းများစွာသော အရာတွေ…
O= means only that she’s growing old.
သားသမီးတွေအတွက် ပေးဆပ်ရင်းအိုမင်းသွားတဲ့အမေ…
T= is for the tears she shed to save us.
သားသမီးတွေအတွက် အမေကျခဲ့တဲ့ မျက်ရည်တွေ…
H= is for her heart of purest gold.
အမေ့ရဲ့ ရွှေစင်နှလုံးသား…
E= is for her eyes, with love light
ကြင်နာခြင်း အပြည့်အ၀နှင့် စောင့်ရှောက် ကြည့်ရှုခဲ့တဲ့အမေ…
R= means right she’ll alway be.
အမြဲတမ်း မှန်ကန်သော မဆုံးနိုင်သော အမေ့ဆုံးမစကားများ…
( [...]

မွေးရပ်မြေနဲ့ ရိုးရာဓလေ့များ(၃)…ရှင်ပြုအလှူမင်္ဂလာ(၃)

ဧည့်ခံပွဲရက်မှာ မောင်ရင်လောင်းများ တော်တော်ပင်ပန်း သွားကြတာမို့ နောက်တရက်ကိုတော့ နားရက်အဖြစ် သတ်မှတ်ပေးပါတယ်။ ဒီလို နားရက်မှာလည်း မောင်ရင်လောင်းများ အနားမယူရပါဘူး။ ဘိုးဘွားဆွေမျိုးများကို သွားရောက်ကန်တော့ကြရပါတယ်။ ညပိုင်းရောက်တော့လည်း စ၀်မီးလူပျိုများ အဖွဲ့က သွားရောက်လည်ပတ်ကပြရာမှာ ကုသိုလ်ဝေရာသို့ ခေါ်သွားပြန်ရော။ ဒီလိုနဲ့ ဆံချရက်ကိုရောက်ရှိလာပါပြီ။ မနက်ပိုင်း ဆံမချခင်တွင် မောင်ရင်လောင်းကို မိစုံဖစုံမှ မွေးသော မိစုံဖစုံ သက်ရှိထင်ရှားရှိနေသော သမီးပျို ခုနှစ်ယောက်မှ ထမင်းခုနှစ်လုတ် ခွံ့ပါတယ်။ များသောအားဖြင့် အမနဲ့ညီမများသာ ဖြစ်ပါတယ်။ နောက် မောင်ရင်လောင်းကို ဆံချပါတော့တယ်။ ဒီဆံချတဲ့ အချိန်ဟာ အလိုလိုနေရင်း မျက်ရည်ကျလာပါတော့တယ်။ ၀မ်းနည်းဝမ်းသာကျတဲ့ မျက်ရည်များပေပဲပေါ့။ ၀မ်းနည်းသည်ဆိုသည်မှာလဲ တချို့ မိခင် သို့မဟုတ် ဖခင် လွန်လေပြီးဖြစ်လို့ တွေ့မြင်သွားရမှု့  မရှိလေခြင်းဟု တွေးတောမိကာ မျက်ရည်ကျခြင်းပါ။ ၀မ်းသာမျက်ရည်များကတော့ ကိုယ့်ရင်သွေး [...]

အမေ

အမေ အချိန်တန်လို့ သားမပြန်လာရင်
မျှော်နေတတ်တဲ့အမေ
အခုဆို အမေ့ဆီ သားမရောက်တာ
နှစ်အတော်တောင် ကြာနေပြီပေါ့
အမေအခုထိ သားကို မျှော်နေတုန်းလား
သားသမီးတွေ လူပုံအလယ်
မျက်နှာမငယ် စိတ်မပျက်ရအောင်
အမေ့စွမ်းအား ထုတ်ကာပြလို့
လူလားမြောက်အောင် ပြုစုခဲ့တယ်
သူများနဲ့တန်းတူ အမေထားနိုင်ခဲ့တယ်
အရွယ်ငယ် နုပျိုစဉ်အချိန်က
လှပတဲ့ ရုပ်ရည်ကို ဂရုမစိုက် နေပူမိုးရွာ
ပင်ပန်းစွာ အမေရှာဖွေ ကျွေးမွေးခဲ့တယ်
အရွယ်လွန် ဒီဇရာရောက်လာတော့
ဒီငမိုက်သားတယောက် အမေ့ကို ကောင်းမွန်စွာ မပြုစုနိုင်ဘူး
အမေချက်တဲ့ ထမင်းနဲ့ဟင်း
မကြိုက်လို့ အကြိမ်ကြိမ်အခါခါ လွင့်ပစ်ဖူးပါရဲ့
အခုချိန် ဒီသားမောင် ကြိတ်မှိတ်ကာ လွေးရတယ် ကြက်နဲ့ပုဇွန်
နှစ်ပါးသွားလို့ အဝေးရောက် သားအဖြစ်ကို အမေမြင်ရင်ဖြင့်
ဂရုဏာမျက်လုံးတွေနဲ့ ကြည့်နေမှာ အမှန်ပါပဲ

တောင်ပေါ်သား

တစ်ခါက Romeo နဲ့  Juliet

ဇာတ်သိမ်းပိုင်း
အလွန်ရက်စက်ခဲ့သောဆောင်းတစ်ည…… ကြမ်းကြုတ်ခဲ့သောလမိုက်ည…… ကမ္ဘာကြီးပြောင်းပြန်လည်ခဲ့တဲ့ည….
ကျနော်အိပ်မပျော်ဘူး…… အပြင်မှာလည်း မိုးတွေက ဘယ်သူ့ ကို မကျေနပ်လို့ လဲ မသိဘူး…… ဆောင်းလေကြမ်းတွေ နဲ့  အတူ ဒေါသတွေ ခက်ထန်နေလိုက်တာ…… ရာသီဥတုကိုပါ အရမ်းကို အေးစက်သွားစေတယ်…… ကျနော့် စိတ်ကိုလဲ အေးစက်သွားစေတယ်……. အချိန်နာရီ ကြည့်လိုက်တော့ ၄ နာရီ ၃၆မိနစ်တဲ့…… ကျနော့်မျက်လုံးမှိတ်ပြီး စဉ်းစာနေတာ မနေ့ ညက မက်ခဲ့တယ့်အိပ်မက်….. အိပ်မက်က ကျနော့်အတွက်တော့ နည်းနည်းထူးဆန်းနေသလိုဘဲ…… ဘာလို့  ထူးဆန်းတာလည်းဆိုတော့ အိပ်မက်ထဲမှာ သူပါတယ်….. ဝေေ၀၀ါးဝါးနဲ့ ဘာတွေဖြစ်ခဲ့မှန်းမသိပါဘူး…… ပြန်စဉ်းစားတော့ တစ်ချို့ ဘဲ မှတ်မိလိုက်တယ်……
သူကျနော်ဆီကို ပြေးလာတယ်….. ဒါပေမယ့် သူကျနော်နဲ့  တစ်ဖြည်းဖြည်းဝေးသွားတယ်….. ကျနော့်ကို လှမ်းခေါ်နေတယ်……
ကျနော်လည်း သူ့ ဆီကို [...]