ဝက်တုပ်ကွေး အန္တရာယ် ကာကွယ်ပါ

ဟော … ရာသီဥတု အပြောင်းအလဲမှာ ရောဂါတွေ  ပိုးတွေလည်း အမျိုးမျိုးပြောင်းလဲ ပြီး လူတွေကို ဒုက္ခ အမျိုးမျိုးပေးနေကြပြန်ုပြီနော် … ဝက်တုပ်ကွေးတဲ့ ဗျို့ ။
ဗမာပြည်က တချို့ လူတွေ ကတော့ ဝက်သားဈေးကျမဲ့ အရေး တွေးမျှော်ပြီး ပျော်ရင်တောင် ပျော်နေကြ အုံးမယ်ထင်ပါရဲ့  ။ ဘာကြောက်စရာမှမရှိတာနော် ။ အဲဒီ ဝက်ကို ဆူအောင် ကျက်အောင် ချက်ရင် ဒီဝက်သားမှ နေပြီး ရောဂါ ကူးစက်နိုင်မှာမှ မဟုတ်တာကြီးကို။ မီးအပူချိန် ၈0 ဒီဂရီစင်တီဂရိတ်မှာ နာရီဝက် ဆူအောင်ချက်ရင် ဒီ ဝက်ထဲ က ဗိုင်းရပ်စ် ပိုးလဲ မရှင်နေနိုင်ပါဘူးလေ ။

ဒါပေမဲ့  ဒီအကောင်တွေက နေ လူတွေကို တခြားနည်းတွေနဲ့ ကူးစက် ပြီး နောက် လူ မှ လူ အချင်းချင်း ရောဂါ ပျံ့ စေတော့ မှ ၊ လူတွေ သေကြမှ ဘဲ အားလုံးကြောက်ကုန်ကြတာပေါ့ ။
ခုတလော [...]

သုံးချင်ရာသုံး Protable Applications 53 မျိုး

အကောင်းဆုံးမဟုတ်တာတောင်မှ ကိုယ့်အတွက် အသုံးပြုအထောက်အကူပြုနိုင်တဲ့ Protable Applications 53 မျိုးလေးကို ဝေမျှပေးလိုက်ပါတယ်…
Install it on your USB Drive and then carry it anywhere you go.

1. Spybot Portable Anti Spyware
Spybot Search and Destroy was created to find and remove all kind of spyware from your PC. Some signs can suggest you the computer is infected or is a risk.
2. [...]

တန်ဖိုးဖြတ်မရတဲ့စာ

မျောလွင့်လာတဲ့တိမ်တိုက်တွေနဲ့လေပြေကြားမှာ
                                       အလွမ်းတွေပါတယ်နော်..
                             ကောင်းကင်ကြီးရဲ့ကြယ်တွေဆီမှာလည်း……
                     သတိရခြင်းရဲ့သက်သေလင်းလက်မှု့တွေရှိနေတယ်နော်…
ဒီကဗျာလေးကို ညီမလေးကစာထည့်လာရင်း ရေးထဲ့ပေးလာခဲ့တာလေ ။ ဘယ်လောက်ပဲE-mail တွေနဲ့ စာတွေဖတ်ရပစေ လက်ရေးလေးနဲ့ရေးလာတဲ့ စာကိုဖတ်ရတာလောက် ခံစားမှု့မတူနေဘူး ။ ဒါကြောင့်နေတိုင်း
နီးပါးတွေ့နေတယ်ဆိုပေမဲ့ လက်ရေးနဲ့ရေးလာတဲ့ စာကိုဖတ်ချင်တယ်ဆိုလို့ အိမ်ကစာထည့်လာတော့အခုချိန်ထိ
လွမ်းတိုင်း အားတိုင်းထုတ်ထုတ်ဖတ်ဇြစ်တယ် ဖတ်ဖြစ်တဲ့အချိန်တိုင်းလဲ မျက်ရည်ဝဲမိလာဆဲ စာကြောင်းတိုင်း
မှာ အေးမြတဲ့မေတ္တာတွေ ပါနေတယ် ။ စိတ်ပူသတိရနေတဲ့ အလွမ်းတွေပါနေတယ် ။
အဖေရဲ့”သမီးစိတ်ချမ်းသာရင်အဖေတို့စိတ်အေးရတာပေါ့” ဆိုတဲ့စာကြောင်းတွေ ၊
အမေရေးတဲ့”အဝေးရောက်နေတဲ့သမီးလေး.ကျန်းမာအဆင်ပြေပါစေ” ၊  ” ကိုယ့်လူမျိုးဘာသာကိုမမေ့ရဘူးနော်” ၊
 ” မနက်အိပ်ယာထတာနဲ့သရဏံဂုဏ်သုံးပါးကိုရွတ်ဖို့.မမေ့ဖို့”
အစရှိတဲ့ စိုးရိမ်ပူပန်စွာ မှာကြားနေတာတွေဟာ စာရေးလာတာနဲ့မတူပဲ အနားမှာလာရောက်မှာကြားနေသလို
ခံစားနေရတယ်။
မောင်နှမတွေရဲ့ ပြန်လာမဲ့ရက်ကို မျှော်နေတဲ့စာကြောင်းတွေနဲ့ စိတ်ပျော်အောင် ဟာသတွေဝေမျှတာတွေ တန်ဖိုးဇြတ်လို့
မရဘူးနော် ။ အဘွားရဲ့အင်မတန်မှ လွမ်းဆွတ်စိုးရိမ်နေတဲ့ ပုံရိပ်ကိုလဲ ပြေးမြင်လာမိတယ် ။ (အဘွားအချစ်ဆုံးမြေးမလေးလေ)
အခုကတည်းက ပြန်ရမဲ့နေ့ရက်ကို လက်ချိုးရေရင်း လွမ်းနေရတယ် [...]

ဝေးကွာနေတဲ့ အချိန်တွေမှာ စာလေးတွေနဲ့ ပွေ့ဖက်ပါ။

စိတ်ကူးကောင်း၊ အတွေးကောင်းတဲ့ ကြောငြာလေးတွေပါ.. ဆိုတဲ့ Taunggyi Family မေးလ်ထဲက hnin hnin ရေးထားတာဖတ်လိုက်ရလို့.. ကျွန်တော်လည်း အတွေးတစ်ချို့ဝင်လာခဲ့တယ်…
ဒီခေတ်ကြီးထဲ ကိုယ့်ရဲ့ မိဘ၊ ဆွေးမျိုးသားချင်း၊ ချစ်သူခင်သူ တွေကို စာတိုက်ကနေစာပို့တာထက် ပိုမြန်တဲ့ Email တွေကို အားလုံးက သုံးနေကြပါပြီ.. IT ခေတ်ကြီးထဲမှာ မသုံးတဲ့လူတွေလည်း ရှိကောင်းရှိနေအုံးမှာပါ.. ကျွန်တော်တခြားအတွေးတွေနဲ့ မပြောတော့ဘူးဗျာ..
ဟိုတစ်နေ့က Taunggyi Family ထဲက အကိုတစ်ယောက်နဲ့တွေဆုံတုံးကပြောဖြစ်တယ်.. ကျွန်တော်တောင်ကြီးမှာနေတုံးက အင်တာနက်ဆိုင် ၃ ဆိုင်လောက်ပဲရှိသေးတယ်လို့ပြောတော့.. အကိုကပြန်ပြောတာ.. အခုဆိုရင်ဆိုင်ပေါင်း ၃၀ လောက်ရှိနေပြီတဲ့.. ကျွန်တော်ပြန်ပြောလိုက်တာကတော့.. သူတို့လည်း ကမ္ဘာကြီးအကြောင်း သိလာပြီပေါ့.. လို့။ ကျွန်တော်တို့တောင်ကြီးမြို့ဆိုရင် အရင်က ဆက်သွယ်ရေးအရမ်းခက်ခဲတယ်ဆိုပဲ.. ဒါကြောင့် ပို့/ဆက် ကလည်း ခရီးမကောင်းရင် တော်ယုံတန်ယုံမရောက်ဘူးလေ.. [...]

Rapid Share Downloader

ကျနော်တို့ တခါတလေ Rapid Share ကနေပြီးတော့ ဖိုင်တွေကို တခါထဲ အများကြီး Download လုပ်ရတာ အဆင်မပြေရင် ဒီဆော့ဝဲလ်လေး သုံးကြည့်လိုက်ပါ။ တော်တော်ကို အဆင်ပြေတာတွေ့ရပါတယ်။ Speed ကလဲ မြန်ပါတယ်။ သူက ဖိုင်အများကြီးကို Auto Download လုပ်ချပေးပါတယ်။ ဒီအတွက် ကျနော်တို့ အချိန်ကုန် သက်သာတာပေါ့။  သူရဲ့ နာမည်က Jdownloader ပါ။ တချို့လဲ သိပြီး ဖြစ်နေမှာပါ။ သူက Rapid Share Premium Account မှ မဟုတ်ပါဘူး။ Free User တွေ အတွက်လဲ အဆင်ပြေပါတယ်။ ဒီဆော့ဝဲလ်လေးကို လိုချင်ရင် ဒီမှာ ယူလိုက်ပါ။  တကယ်၍ ကိုယ်သုံးနေတာက တခြား OS ( [...]