စကားပြောဆင်ခြင်ကြရအောင်

ဒီပိုစ့်လေးကိုရေးမယ်လို့ စဉ်းစားမိတာကတော့ အခုတလော ကျွန်မတစ်ယောက် ဘာတွေဖြစ်နေတယ် မသိပါဘူး ။ သူတပါးကို ပြောထဲ့လိုက်ဖို့ ၀န်မလေးနေဘူး။ ဒီနေ့ သောကြာနေ့ဆိုတော့ တရားတစ်ပုဒ်လောက်တော့ နာဖြစ်အောင် နာတတ်တော့ တရားနာမယ်ဆိုပြီး ကျေးဇူးရှင်ဆရာတော် ဓမ္မစတီဆရာတော် ဦးကောသလ္လရဲ့ ဆိုဒ်ကို ၀င်တော့ ဒီနေ့ ဘာတရားနာရင်ကောင်းမလဲ ရွေးနေတုန်း ။အရင်ကလဲ နာဖူးပြီးသားဆိုပေမဲ့ အခုတလောဖြစ်နေတဲ့ ကိုယ့်စရိုက်ကို သိနားလည်အောင်ဆိုပြီး ” ဝေသာလီ လှဧကရီ ဘ၀ဆည်းဆာ ” ဆိုတဲ့ တရားကို ထပ်မံနာဇြစ်သွားပါတယ် ။ ဒီလိုနာနေရင်း ဒီပိုစ့်လေးကိုရေးမယ် ဖြစ်သွားပါတယ်။
“ဝေသာလီလှ ဧကရီ အမ္ဗပါလီ ” တဲ့ ။ သိပ်ချောသိပ်လှတဲ့ ဘုရင်သမီးတော်လေး ။ ဒါပေမဲ့ ဘ၀တစ်ခုမှာ ဘိက္ခူနီမတစ်ပါးဖြစ်စဉ် ဘုရားစေတီမှာ သွားရောက်တံမြက်စည်း သန့်ရှုင်းလှည်းကျဉ်းနေစဉ် [...]

မွေးရပ်မြေအတွက် စိတ်ကူး

ဒီနေ့ ကျွန်တော်တို့ မော(၀်)ရှမ်းမြေ မောင်နှမတွေ အွန်လိုင်းအစည်းအဝေးကျင်းပဖြစ်ခဲ့ပါတယ်… ကျွန်တော်တို့ မောင်နှမတွေရဲ့ “ မွေးရပ်မြေအတွက် စိတ်ကူး ” တစ်ခုကို အကောင်အထည်ဖော်ဖို့ တိုင်ပင် ခဲ့ကြပါတယ်.. စိတ်အားထက်သန်ခဲ့ကြတဲ့ ကျွန်တော်တို့ မောင်နှမတွေအားလုံးကို တွေ့မြင်ရတဲ့အတွက် ၀မ်းသာမိခဲ့ပါတယ်…။ ဒီစိတ်ကူးလေးကို ကိုတောင်ပေါ်သားက ချပြရင်း.. အားလုံးနဲ့ တိုင်ပင်ဖြစ်ခဲ့တယ် ဆိုပါတော့..။ ကျွန်တော်တို့ လက်ရှိဒီလိုဘ၀မှာ ရောက်ရှိခဲ့ရသလို.. နောင်အနာဂတ်မှာပွင့်ဖူးလာကြမယ့်.. အနာဂတ်မျိုးစေ့လေးတွေကို ပန်းကောင်းလေးတွေပွင့်ဖူးစေဖို့အတွက် သူတို့အတွက် လိုအပ်တဲ့ ပညာရေးကိစ္စတွေကို ကျွန်တော်တို့ မော(၀်) မောင်နှမတွေက တတ်နိုင်တဲ့ဘက်ကနေ ကိုယ်ရတဲ့လခထဲကနေ လှူဒါန်းဖို့အတွက် တိုင်ပင်ဖြစ်ခဲ့ပါတယ်..အခုလောလောဆယ်ကတော့ ပညာရေးကိုပဲ ဦးစားပေးအဆင့် ၁ အနေနဲ့ထားထားပါတယ်… တစ်ခြားအခက်အခဲရှိရင်လည်း လှူဒါန်းဖို့ ပြောဖြစ်ခဲ့ပါတယ်.. “ တစ်မူးရှိလို့ တစ်ပဲလှူ ” လို့ဆိုတဲ့ အတိုင်း [...]