မွေးရပ်မြေနဲ့ရိုးရာဓလေ့များ(၅)

 
ဒီတခါရေးလိုက်မှာကတော့ ရိုးရာဓလေ့မဟုတ်ပါဘူး။ အခုလို မိုးရာသီမှာ ကျွန်မတို့မြို့ရဲ့ မိုးရွာသွန်းပုံလေးကို ပြောပြချင်တာ။ ကျွန်မရဲ့ မွေးရပ်မြေလေးဟာ ရှမ်းပြည်တောင်ပိုင်းမှာ အအေးဆုံးမြို့ရယ်လို့ ဆိုရင်မမှားပါဘူး။ နွေရာသီမှာတောင် မနက်နဲ့ ညနေစောင်းချိန်ဆိုရင် အနွေးထည်ဝတ်ထားရတယ်။ အခုတော့ ပြီးခဲ့တဲ့နွေက ပိုပူလာတယ်လို့ ကြားရတော့ အင်းးပေါ့လေ။ရာသီဥတုဖောက်ပြန်နေတာကိုးနော့။ ချယ်ရီပွင့်တဲ့ ဆောင်တွင်းဆို ခိုက်ခိုက်တုန်အောင် ချမ်းသမှ စိမ့်နေတာပါပဲ။ မနက်မိုးလင်းလာရင် အေးခဲနေတဲ့ ရေလေးတွေကို ကစားဖို့လောက်တော့ စိတ်ဝင်စားတယ်။ အချပ်လိုက်ကလေး ဖြစ်အောင် ရေခဲကို ခွာထုတ်ပြီး ကစားတာ ဘာမှလဲမဟုတ်ပေမဲ့ အခုချိန်မှာ ပြန်တွေးတော့ သိပ်ပျော်စရာကောင်းတာပဲ။ မနက်မိုးလင်းလို့ မျက်နှာသစ်ဖို့ ရေနွေးချထားပေးတာတောင် မျက်နှာမသစ်သေးပဲ ဒီလောက်အေးနေတာကို အဲဒီရေခဲချပ်သွားခွာခွာကစားနေလို့ ခဏခဏအအော်ခံရတာလဲ မမှတ်ဘူး။ အားးးးးလွမ်းလိုက်တာနော်..
 
အခုလို မိုးရာသီဆို ရွာပါလိုက်မယ်.မိုး.သင်္ကြန်အပြီးဆိုတာနဲ့ ၇ွာလိုက်တဲ့မိုးက သီတင်းကျွတ်မှပဲ တိတ်တော့တယ်။ တစ်မ့်စိမ့်နဲ့ [...]

အမှန်တရား

လူရယ်လိုဖြစ်လာရင် ဘ၀မှာ ဘာအရေးကြီးဆုံးလဲဆိုတာ သိဖို့အရေးကြီးဆုံးပါ။ ငါဆိုတဲ့ အတ္တတခုထဲကို ကြည့်ပြီး လုပ်ချင်တာလုပ်ခဲ့ရင် တဦးတယောက် စိတ်ချမ်းသာဖို့အတွက်နဲ့ လူသားတိုင်းစိတ်ဆင်းရဲနေရမယ်ဆို လူဖြစ်ရတာ မတန်ပါဘူး။ လူသားတိုင်းအတောင့်တဆုံးက လူဖြစ်လာရင် မိသားစုအသိုက်အမြုံ၊ ဆွေမျိုးသူငယ်ချင်း အပေါင်းအသင်း ပြည့်စုံစွာနဲ့ နေချင်ကြတာချည်းပါပဲ။ ဒီလိုလူသားတွေရဲ့ အသိုက်အမြုံကို ဖြိုဖျက်တဲ့လူတွေဟာ ဘ၀တခုလုံး နောင်တတရားတွေ ရနေမှာပါ။ ဒီလိုပဲ လူသားဖြစ်တဲ့အလျောက် အမှားများစွာကိုလဲ လုပ်ခဲ့မိကြတာချည်းပါပဲ။ ဒီအမှားတွေကို အချိန်နှောင်းနေပါစေဦး ပြင်ချင်တယ်ဆိုရင် ပြင်လို့ရပါသေးတယ်။ ကိုယ့်တယောက်ထဲရဲ့ စည်းစိမ်၊ ပြည့်စုံမူတွေကို မကြည့်ပဲ လူသားအားလုံးအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။

အမှန်တရားကိုလက်ဝယ်ပြုလို့ ဆင်းရဲစွာနေနေတဲ့လူတွေလဲ အများကြီးပါ။ ဒါပေမဲ့ သူတို့ရဲ့ စိတ်လေးတွေဟာ အမြဲဖြူစင်သန့်ရှင်းနေမှာပါပဲ။ အမှန်တရားကို မြင်နေပါလျက်နဲ့ မျက်စိပိတ်ငြင်းနေတဲ့ လူတွေကိုကျတော့ ဘယ်လို ခေါ်နိုင်သလဲ [...]