မွေးရပ်မြေနဲ့ ရိုးရာဓလေ့များ (၆)
ဒီလို တော်သလင်းလဆိုရင် ကျွန်မတို့ မွေးရပ်မြေလေးမှာတော့ ဖောင်တော်ဦးဘုရားပွဲတော်ရှိပါတယ်။ ဒီဖောင်တော်ဦး ဘုရားက ပင်လောင်းမြို့ရဲ့ အနီးနားက ပင်လောင်းကြီးဆိုတဲ့ ရွာလေးမှာ တည်ရှိတယ်လေ။ ဒီပင်လောင်းကြီးဒေသဟာ တောင်ထူထပ်ပြီး ဂူပေါင်းများစွာရှိတယ်။ ဒီဂူတွေထဲကို အင်္ဂလိပ်ခေတ် ၊ ဂျပန်ခေတ် စတဲ့စစ်ကြီး ခေတ်တွေမှာ သွားရောက်နေထိုင် ခိုအောင်းကြရတယ်လို့ လူကြီးသူမများပြောတာ ကြားဖူးပါတယ်။ ကျွန်မတို့ ပင်လောင်းမြို့လေးကို လူအတော်တော်များများသိတာက ပအိုဝ့်လူမျိုးအများစု နေထိုင်ရာပေါ့။ မှန်ပါတယ်။ ကျွန်မမွေးရပ်မြေရဲ့နယ်မြေလေးမှာ အများစုက ပအိုဝ့်လူမျိုးများဖြစ်ပြီး ရှမ်း ၊တောင်ရိုး အသင့်အတင့် နေထိုင်ပါတယ်။ ဒီပင်လောင်းကြီးကျေးရွာမှာတော့ ရှမ်းလူမျိုးများချည်းသာ နေထိုင်ပါတယ်။ အဓိက လက်ဖက်ခြောက်လုပ်ငန်း ၊ ရှမ်းစက္ကူလုပ်ငန်းနဲ့ အသက်မွေးပါတယ်။
ဒီဖောင်တော်ဦးဘုရားပွဲကို ပင်လောင်းမြို့နယ်တစ်ခွင် ရပ်နီးရပ်ဝေးမှ တိုင်းရင်းသားများ လာေ၇ာက်ကြပါတယ်။ ဒီအတွက်လာရောက်သမျှ ဧည်သည်များကို ကျွေးမွေးရန် ပင်လောင်းကြီး ဖောင်တော်ဦးဘုရားပွဲရဲ့ဟင်းလို့ [...]






