ကျွန်တော်လည်း ရေးမယ်ရေးမယ်နဲ့ ရေးချင်တာကကြာပြီ ။ မအားလို့မရေးဖြစ်တာ ။ ဒီကြားထဲ ကောက်ကာငင်ကာထဖျားတော့ ပိုဆိုးတာပေါ့ ။ ဒီအကြောင်းရေးရတာ ကိုယ့်ပေါင်ကိုလှန်ထောင်းရာလည်းကျပါရဲ့  ။ မရေးရင်လည်း အားလုံးကရေငုံနှုတ်ပိတ်နေကြမလားပဲ ။ ဘယ်သူတွေဘယ်လိုထုတ်ဖော်ပြောပြီးလည်းတော့မသိဘူး ။ ကျွန်တော် ငရဲ တို့လည်း ရင်ဖွင့်ချင်လို့ပါ ။
ဒီလိုဗျာ … ကျွန်တော့်အကောင့်ကလည်း ဘယ်ကဘယ်လိုဖောင်းပွနေလည်းတော့မသိဘူး ပွကြီးကိုဖြစ်လို့ ။ လာလာ Add လိုက်ကြတာ နည်းနည်းနောနောမဟုတ်ဘူး ။ ယောက်ျားလား ၊ မိန်းမလားလည်း မခွဲခြားနိုင်ဘူး ။ ကျွန်တော်ကတော့ invite လုပ်လာတိုင်း Accept ပြန်ပေးပါတရ် ။ [...]
သီတင်းကျွတ်အခါကို ရောက်လို့လာပြီ။ ဒီလိုနေ့ထူးနေ့မြတ်မှာ မောင်နှမအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပြီး ဘာသာ ၊ သာသနာအကျိုးကို ပိုဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပေးတယ်နော့။ ဒီလို သီတင်းကျွတ်ပြီဆိုရင် ကျွန်မရဲ့ မွေးရပ်မြေလေးမှာ သီတင်းကျွတ်ကာလ ဖြတ်သန်းရပုံလေးကို သတိရမိတယ်။ ကျွန်မတို့ မြို့လေးရဲ့ ဓလေ့အတိုင်း သီတင်းကျွတ်လပြည့်မတိုင်ခင် အဖိတ်နေ့ညမှာ ဘိုးဘွားမိဘဆရာသမား လူကြီးသူမများကို သွားရောက်ကန်တော့ ကြပါတယ်။ အဲဒီလို ကန်တော့ရောက်လာကြသူများကို အိမ်ရှင်များမှ ဟင်းထုတ်များ ၊ အကြော်များ ၊ ဖျော်ရည် နဲ့ တခြား ဧည့်ခံစရာများနဲ့ ဧည့်ခံကြပါတယ်။
သီတင်းကျွတ်အဖိတ်ညကတည်းက တာဝတိံမှ ပတ္တမြားစောင်းတန်း ၊ ရွှေစောင်းတန်း ၊ ငွေစောင်းတန်းမှ ကြွမြန်းလာတဲ့ မြတ်စွာဘုရားကို ရည်းစူးပြီး ဘုရားကျောင်းဆောင်ပုံလေးများကို ရှမ်းစကူဖြင့် ပြုလုပ်ပြီးရောင်းချထားတာကို ၀ယ်ယူပြီး သစ်သီးပန်းမန်များဖြင့် [...]