ချစ်တဲ့မြို့ငယ်လေး

အခုချိန်ဆို တောင်ပတ်လည်ဝိုင်းနေတဲ့ မြို့ငယ်လေး မိုးလင်းတာနဲ့ မြူတွေ ဘယ်လောက်တောင်ဆိုင်းနေမလဲ။ မြုတွေအုံဆိုင်းကျတာများ ဘယ်နေရာကြည့်ကြည့် မရှင်းလင်းနေဘူး။ အအေးဓာတ်ကလဲ ပိုကဲလိုက်တာ စိမ့်နေမှာပဲ။
ကျောင်းသားအရွယ် လုငယ်လေးတွေ အနွေးထည်ထူထူ ၊ ခြေအိတ် ၊ ခေါင်းဆောင်းတို့နဲ့ အေးခဲလှတဲ့ ဆောင်းမနက်ခင်း စောစောမှာ ကျူ၇ှင်ဆိုတာကို ပြေးရပေမဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လမ်းလျှောက်ရတော့ သူတို့မှာလဲ အေးတယ်မထင်။ ညကကျန်တဲ့ ရေခွက်ရေစည်တွေထဲက ရေတွေလဲ ခဲလို့။ ရေနွေးနဲ့ မျက်နှာမသစ်ရရင် မဖြစ်ချေဘူးလေ။
နေရောင်ကျရောက်လာချိန် မြုဆိုင်းနေဆဲ တောင်တန်းကိုလှမ်းကြည့်လိုက်တော့ ပန်းရောင်ကြွယ်နေတဲ့ ချယ်ရီတွေက ခိုက်ခိုက်တုန်နေတယ်လေ။တောင်ယာတောမှာ မီးခိုငွေ့တွေဝေနေတော့ တောင်ယာသားတို့ရဲ့ မနက်စောစော အေးအေးချမ်းချမ်းမှာ လုပ်ကိုင်နေပုံကလဲ တမျိုး မြင်ကွင်းရယ်ပေါ့။
တောင်ပတ်လည် ၀န်းနေတဲ့ဒီမြို့လေးရဲ့ နေထွက်ချိန်က နောက်ကျလိုက်တာ။ နေရောင်ပြပြ အလင်းရောက်ချိန်မှာတောင် အေးနေဆဲမို့ မီးဖိုနံဘေး ၀ိုင်းထိုင်နေဆဲပဲ။ မြေနီနီလမ်းမထက်မှာတော့ [...]