ရှမ်းဟင်းထုတ်

This post was written by desertraindrops on August 1, 2009
Posted Under: မျှဝေခြင်း

ရှမ်း ဟင်းထုတ်လေး လုပ်ကျွေးမယ်။ အမှန်တကယ်ဆို ကျွန်မလဲ ရှမ်းဟင်းထုပ် မလုပ်ဖူးပါဘူး။ လူကြီးတွေ လုပ်တာကိုပဲ ထိုင်ကြည့်ဖူးတာလေ။ ဒါပေမဲ့ လာလည်ကြတဲ့ မောင်နှမတွေကို  ကျွေးချင်တာနဲ့ လုပ်ကျွေးတာနော်။ 

ဟင်းထုတ် ထုပ်တော့မယ်ဆိုရင် လိုအပ်တဲ့ ပြင်ဆင်စရာ ပစ္စည်းတွေကတော့
- ဆန်မှုန့် ( ဆန်ကို ကြိတ်ဆိုင်မှာ သွားကြိတ်ထားတာပိုကောင်းတယ်။ ဆန်မှု့န့်ဝယ်ပြီး လုပ်လဲ ရပါတယ်။  )
- ကြက်သွန်မြိတ် ( ဒါလေးကိုတော့ သေးသေးလေး လှီးထားမယ်နော်။)
- ဆီ
- ဆား
- အချိုမှုန့်
- အရောင်တင်မှုန့် (နီ)
- ငှက်ပျောရွက်

 ( သူ့ကိုတော့ အကြီး အသေး အစုံ ဖြဲဆုတ်ထားမယ်။ ငှက်ပျောရွက်ကို ဟင်းထုတ်မလုပ်ခင် နေပြထားရင် ကျွတ်ဆတ်မနေတော့ ဖြဲဆုတ်ရတာ လွယ်သလို ထုတ်ရတာလဲ လွယ်ပါတယ်။) တို့ပါပဲ။

ပထမဆုံး. ဆန်မှု့န့်ကို ကြက်သွန်မြိတ်လေးနဲ့ ရောပြီး သမအောင်နယ်လိုက်ပါတယ်။ နောက် ဆီ ၊ ဆား ၊ အချိုမှုန့် နဲ့ အရောင်တင်မှုန့်နီတို့ကို မျှမျှတတ ထဲ့ပြီး သမအောင် ဆက်နယ်လိုက်ပြန်ရော။ အဲဒီအခါမှာ ရေလေး.နည်းနည်းလေး ထဲ့ပေးလိုက်ပါတယ်။ အများကြီးမထဲ့နဲ့။ ရေများသွားရင် ပျော့သွားလိုက်မယ်။ ရေတအားနည်းတော့လဲ မာသွားမယ်။ အနေတော်လေးပေါ့။ အဲဒီ အဆင့်မှာတင် မြည်းကြည့်လို့ရတယ်နော်။ အပေါ့အငန်လေးကိုပေါ့။

နောက် ဖြဲဆုတ်ထားတဲ့ ငှက်ပျောဖက် ကို အကြီး တခု အသေးတခု ထပ်ပြီး ဇွန်း တဇွန်းစာလောက် ထဲ့ထဲ့ပြီး တုတ်ချောင်းလေးတွေနဲ့ ( အခုတော့ သွားကြားထိုးတံလေးတွေနဲ့ပေါ့) ထိုးပြီး ထုတ်ပါတယ်။ အသားလေးနဲ့မှ စားချင်သူတွေ အတွက်တော့ ကြော်ထားတဲ့ အသားလေးကို တဖက်နှစ်ဖက်လောက် အပေါ်မှာ တင်ပေးလိုက်တယ်နော်။

နောက် နာရီဝက်သာသာလောက်ပဲ ပေါင်းခံပြီးတာနဲ့ အဆင်သင့် စားနိုင်ပါပြီ။ တွဲစားဖို့ ငရုတ်သီးမှုန့် နဲ့ ကြက်သွန်ဖြူ ဆီသတ်ထားရမှာ ဖြစ်သလို နောက် နံနံပင် ၊ ဂျူးမြစ်လေး ၊ ကြက်သွန်ဖြူမွှာ နဲ့ ကြက်သွန်နီစိတ် တွေနဲ့လဲ တွဲဖက်စားရင် ဆွေးမျိုးမေ့မယ်နော်။ ပြီးတော့ ဆန်လုံးစီကြော်လေး၊ ငါးမုန့်ကြော်လေးနဲ့ပေါ့။

အမှန်က ပုံလေးတွေနဲ့ တင်ပြသင့်တာ အဆင်မသင့်တာနဲ့ ပုံလေးမပါတာမို့ စိတ်မကောင်းပါဘူး။ နောက်တခါ ရှမ်းခေါက်ဆွဲလုပ်ကျွေးဦးမယ်နော်။

 

ကျေးဇူးတင်လျက်

မငုံ (မော(၀်)ရှမ်းအဖွဲ့ဝင်)

  • Share/Bookmark

Reader Comments

အင်း ရှမ်းဟင်းထုပ်လေး စားချင်လာတယ်ဗျို့ လုပ်ပါဦး.. သတိရသွားတယ် ကြီးဒေါ်လုပ်တား( ဂျူးမြစ်လေးကိုက်လိုက် ငရုပ်သီးခြောက်ကြော်လေးဝါးလိုက် ဟင်းထုပ်လေး စားလိုက် ကောင်းနေရော အဟင့် သတိရတယ်ဗျာ.. စားချင်တယ်ဗျို့ ကြီးဒေါ် ပါဆယ်ပို့ပေး

လေးစားလျက်
တောင်ပေါ်သား

#1 
Written By တောင်ပေါ်သား on August 1st, 2009 @ 11:31 am

ပုံလေးနဲ့ဆိုရင်တော့ တောင်ပေါ်မြေကို အလွမ်းသားပဲ..

မငုံရေ.. ပုံလေးနဲ့လုပ်အုံးနော်.. ရှမ်းခေါက်ဆွဲလုပ်တဲ့အချိန်ပေါ့နော်..

#2 
Written By ကြယ်စင်မင်း on August 2nd, 2009 @ 1:41 am

ရှမ်းခေါက်ဆွဲလုပ်ရင် ပုံပါတင်မယ်နော်။ :)

#3 
Written By မငုံ on August 2nd, 2009 @ 2:07 am

ဟင်းထုပ်…….. စားချင်တယ် စားချင်တယ်ဗျို့…….. ပြန်လည်းပြန်ချင်လာပီ၊ ဟင့်

#4 
Written By နွယ်ရိုး on August 2nd, 2009 @ 2:11 pm

တောင်ပေါ်မြေကိုမရောက်တာကြာပြီ ဟင်းထုတ်အရမ်းကြိုက်တယ်ဗျ ဒါပေမယ့်မလုပ်တတ်ဘူး ကျေးဇူးပဲ ဒီလိုတငိပေးလို လုပ်စားလိုက်အုံးမယ်နော် သတိရတယ်တောင်ပေါ်မြေကို အေးအေးချမ်းချမ်းလေးနဲ

#5 
Written By တောင်ပေါ်သားလေး on August 30th, 2010 @ 8:55 pm

Add a Comment

required, use real name
required, will not be published
optional, your blog address