“မေမေ သို့ ပေးစာ”
လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ချက်ကျွေးခဲ့တဲ့ ဟင်းခွက်လေးတွေကိုပေါ့
မြို့ ပြမွမ်းကျပ်မှုတွေရဲ့ အလည်
အားငယ်စွာရုန်းကန်ရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”
လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ချုပ်ပေးခဲ့တဲ့ အင်္ကျိလေးတွေကိုပေါ့
ဆေးဆိုးပန်းရိုက်မျက်နှာတွေရဲ့ အလည်
နွမ်းလျှစွာပြန်လည်ပြုံးပြရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”
လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ပြောခဲ့ဖူးတဲ့ အားပေးစကားလေးတွေကိုပေါ့
ဟန်ဆောင်မုသားစကားတွေရဲ့ အလည်
တိုးဝှေ့လို့ကျော်ဖြတ်ရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”
လွမ်းတရ် “မေမေ”
တစ်ချိန်က
နွေးထွေးတဲ့ မေမေရဲ့ အချစ်မေတ္တာတွေကိုပေါ့
မာယာတွေပြည့်နေတဲ့ အချစ်မေတ္တာတွေရဲ့ အလည်
ကြိုးစားလို့ရုန်းထွက်ရင်း
နွေးထွေးတဲ့ “အမေ့ရဲ့ အိမ်” လေးဆီကို သားအရောက်ပြန်လာခဲ့မယ် “မေမေ”
ဝေးတမြေမှ မေမေ့ကို အောက်မေ့လွမ်းဆွတ်လျှက် (ကိုရဲ)







Reader Comments
အင်းလွမ်းတယ် ကိုရဲ ငါ့လည်းလွမ်းတယ်
အမေ့ စာတွေ ကဗျာတွေ ဖတ်တိုင်း အလွမ်းတွေပိုမိတယ်
မွေးမိခင် ကို ကျေးဇူးဆပ်နိုင်အောင်အစွမ်းကုန်ကြိုးစားကြတာပေါ့
အမေ့ချစ်တဲ့သား မွေးရကျိုးနပ်တဲ့သားတစ်ယောက်ဖြစ်အောင်
ကြိုးစားကြပါစို့ လား
မိဘရဲ့ နွေးထွေးတဲ့ မေတ္တာတရားတွေနဲ့ စစ်မှန်တဲ့ ချစ်ချင်းမေတ္တာကို ခံစားနိုင်ပါစေ။
မကြီး
အမေချစ်တဲ့သမီးတစ်ယောက် လာရောက်ခံစားသွားကြောင်းပါ…
ထပ်တူထပ်မျှပါပဲရှင်…
ဝါးးးးးးးးးးး ငါ့မောင် ငရဲ ပြန်လာပြီ။ ပျော်စရာကြီး။ မော(၀်)မောင်နှမတွေ အခုမှ အသက်ဝင်လာကုန်ပြီ။ အမေ့ကို လွမ်းနေသူချည်းပါ။ နင့်ကဗျာလေးက ငါတို့ကို ပိုလွမ်းစေတယ်။ သိပ်ကောင်းတယ် ငရဲ။ ဆက်ရေးပါ။