ချစ်တဲ့မြို့ငယ်လေး

This post was written by desertraindrops on December 8, 2009
Posted Under: ခံစားချက်များ
အခုချိန်ဆို တောင်ပတ်လည်ဝိုင်းနေတဲ့ မြို့ငယ်လေး မိုးလင်းတာနဲ့ မြူတွေ ဘယ်လောက်တောင်ဆိုင်းနေမလဲ။ မြုတွေအုံဆိုင်းကျတာများ ဘယ်နေရာကြည့်ကြည့် မရှင်းလင်းနေဘူး။ အအေးဓာတ်ကလဲ ပိုကဲလိုက်တာ စိမ့်နေမှာပဲ။

ကျောင်းသားအရွယ် လုငယ်လေးတွေ အနွေးထည်ထူထူ ၊ ခြေအိတ် ၊ ခေါင်းဆောင်းတို့နဲ့ အေးခဲလှတဲ့ ဆောင်းမနက်ခင်း စောစောမှာ ကျူ၇ှင်ဆိုတာကို ပြေးရပေမဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လမ်းလျှောက်ရတော့ သူတို့မှာလဲ အေးတယ်မထင်။ ညကကျန်တဲ့ ရေခွက်ရေစည်တွေထဲက ရေတွေလဲ ခဲလို့။ ရေနွေးနဲ့ မျက်နှာမသစ်ရရင် မဖြစ်ချေဘူးလေ။

နေရောင်ကျရောက်လာချိန် မြုဆိုင်းနေဆဲ တောင်တန်းကိုလှမ်းကြည့်လိုက်တော့ ပန်းရောင်ကြွယ်နေတဲ့ ချယ်ရီတွေက ခိုက်ခိုက်တုန်နေတယ်လေ။တောင်ယာတောမှာ မီးခိုငွေ့တွေဝေနေတော့ တောင်ယာသားတို့ရဲ့ မနက်စောစော အေးအေးချမ်းချမ်းမှာ လုပ်ကိုင်နေပုံကလဲ တမျိုး မြင်ကွင်းရယ်ပေါ့။

တောင်ပတ်လည် ၀န်းနေတဲ့ဒီမြို့လေးရဲ့ နေထွက်ချိန်က နောက်ကျလိုက်တာ။ နေရောင်ပြပြ အလင်းရောက်ချိန်မှာတောင် အေးနေဆဲမို့ မီးဖိုနံဘေး ၀ိုင်းထိုင်နေဆဲပဲ။ မြေနီနီလမ်းမထက်မှာတော့ မနက်ခင်းမှာ လူနည်းပါးစွာနဲ့ မီးဖိုနံဘေးမှာပဲ ၀ိုင်းထိုင်နေဆဲပေါ့။နေ့လည် ဆယ့်တစ်နာရီအချိန်လောက်မှ နေရောင်ကောင်းကောင်း ကျရောက်လာချိန်မှာလဲ အနွေးထည်များ ချွတ်မထားရဲပဲ နေပူစာလှုံတယ်လေ။ညနေ နေ၀င်ချိန်ကဆောင်းတွင်းဆိုတော့ မှောင်ရိပ်စောသလို အအေးဓာတကလဲ ပိုပိုနက်လာတယ်။ မြို့ငယ်လေးမှာတော့ စောစီးစွာပဲ လူခြေတိတ်လို့ ကိုယ့်အိမ်ကိုယ်ယာမှာပဲ မီးဖို နံဘေးဝိုင်းထိုင်နေဆဲပေါ့။ အခါးရည်ပူပူကို ခေါက်ပုတ်ကြော်လေးနဲ့ ပူပူနွေးနွေး အစားစာကိုသာ ၀ိုင်းဖွဲ့စားသောက်ရင်း မိသားစု စကားဝိုင်းလေး ဖွဲ့နေကြတယ်လေ။

လွမ်းလိုက်တာ မြို့ငယ်လေးရယ်။။။။

 

ကျေးဇူးတင်လျက်

မငုံ ( မော(၀်)ရှမ်းမြေအဖွဲ့ဝင် )

  • Share/Bookmark

Reader Comments

အဲလိုမြို့လေးမှာ သိပ်နေချင်တာပဲ။ အသက်ကြီးလာရင် အဲလိုမြို့လေးမှာ အေးအေးချမ်းချမ်းလေး နေချင်တာ…

#1 
Written By နေ့အိပ်မက် on December 9th, 2009 @ 12:15 am

လွမ်းတယ် မြို့လေးရေ သတိရတယ်း(

#2 
Written By တောင်ပေါ်သား on December 15th, 2009 @ 6:51 pm

ပြန်မယ် ပြန်မယ်
နောက် ၂ လလောက်နေရင် ရအောင်ကို ပြန်မယ်။

#3 
Written By NweYoe on December 19th, 2009 @ 11:03 pm

Add a Comment

required, use real name
required, will not be published
optional, your blog address