မွေးရပ်မြေနဲ့ ရိုးရာဓလေ့များ (၂)

မတ်လ ၁၀ ရက်နေ့မှာ မြန်မာလို နေ့ထူးနေ့မြတ် ဖြစ်တဲ့ တပေါင်းလပြည့်နေဖြစ်ပါတယ်။ တပေါင်းလဆိုတာနဲ့ ကျွန်မတို့ ရှမ်းပြည်ကို လူသိတာက ပင်းတယတပေါင်းပွဲပဲ ဖြစ်ပါတယ်။ မှန်ပါတယ်။ ပင်းတယ တပေါင်းပွဲဟာ အင်မတန်မှ စည်ကားလှတယ်။ ကြုံရင် အလည်တစ်ခေါက် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ ဓနုသံလေးက တော်တော်လေး ချစ်စရာကောင်းပါတယ်။ 

ပင်းတယေ၇ွှဥမင်လိုဏ်ဂူ.ကုက္ကိုပင်ကြီးများ၊ သုဓနုမင်းသားနဲ့ ဒွေးမယ်နော် ဇာတ်လမ်းတည်ရာ ရေကန်ကြီး၊ ဓနုရိုးရာ အစားအစာ (ဓနုမလေးတွေလဲ ချောတယ်ဗျ။) အစရှိသည်ဖြင့် တွေ့ရမှာဖြစ်ပါတယ်။ ကျွန်မကတော့.အဲဒီပွဲတော်မှာ ထမင်းချဉ်ကို အကြိုက်ဆုံးပဲ။ ဖုန်တထောင်းထောင်းနဲ့ သွားရတာ ပျော်စရာကြီး။ လိုဏ်ဂူတွင်းမှာလဲ လူစည်ကားလွန်းနေပါတော့တယ်။ နောက် ကုံလုံဘုန်းဘုန်းကျောင်းကို သွားကာ သတ်သတ်လွတ် ထမင်းကလဲ စားကောင်းတယ်။ နောက် သိရိဓမ္မသောက လှူဒါန်းတဲ့ ရေကန်ပေါင်းရှစ်သောင်းလေးထောင်ထဲမှာပါတဲ့ ကြာပွင့်ကန်ကို သွားလို့ရပါသေးတယ်။ တော်တော်ထူးဆန်းတဲ့ ကြာပန်းလေးတွေပါ။

ကဲ….ပင်းတယတပေါင်းပွဲကို လာလည်ကြနော်။

ကျွန်မ မွေးရပ်မြေလေးရဲ့ တပေါင်းလပြည့်နေ့ ပြင်ဆင်ပုံလေးကတော့ ဒီလိုပါ။ တပေါင်းလပြည့်နေ့ မတိုင်ခင် အဖိတ်နေ့မှာ  ဆွမ်းတော်ကြီးခံပွဲရှိပါတယ်။ ရပ်ကွက်တိုင်း ညနေသုံးနာရီဝန်းကျင်ခန့်မှာ လူငယ်များ.ပလိုင်း တောင်းများကိုယ်စီနဲ့ မြို့တပတ်လည်ကာ ဆွမ်းတော်ကြီးခံပါတယ်။ မြို့သူမြို့သားများက သစ်သီးများ.ပန်းများ.ဖယောင်းတိုင်၊ အမွှေးတိုင် အစရှိသည်တို့ကို လောင်းလှူကြပါတယ်။ အဲဒီ ဆွမ်းတော်ခံပွဲမှ လှူဒါန်းရသည်များကို အမျိုးသမီးများက ပြင်ဆင်ကြပါတယ်။ သစ်သီးများကို ပုံသဏ္ဍာန် အမျိုးမျိုးဖော်ကာ အလှဆင်ကြပါသေးတယ်။ အမျိုးသားများက.လောင်းလှူရလာသော ဆွမ်းဆန်စိမ်းများကို ချက်ပြုတ်ဖို့ တာဝန်ယူကြပါတယ်။ ညလုံးပေါင်း စုပေါင်းလုပ်ကိုင် ဆောင်ရွက်ကြပါတယ်။ ကျွန်မလေ.ကိုယ့်မြို့မို့ ပြောတာမဟုတ်ပါဘူး။ ကျွန်မတို့ ပင်လောင်းမြို့ဒေသခံ ဒီလို စုပေါင်းလုပ်ကိုင်ရာမှာ ညီညွှတ်ကြတယ်။

နောက်နေ့လပြည့်နေ့မှာတော့ မနက်ပိုင်း ဘုရားဆွမ်းတော်ကပ်ခြင်း ၊ ဆရာတော်များအား ဆွမ်းကပ်ခြင်းများ ပြုကြပါတယ်။ နောက် သက်ကြီးရွယ်အို ဒေသခံ နီးစပ်ရာ ရွာများမှ လာရောက်ကြသူများ ( မည်သူ့ကိုမဆို) ကို ထမင်းဟင်းများဖြင့် တည့်ခင်း ဧည့်ခံကြပါတယ်။ မြို့ခံလူများကလဲ မနက်ပိုင်း လေးနာရီဆိုလျှင် ဆွမ်းအုပ်ကိုယ်စီဖြင့် ဘုရားကြီးသို့ သွားကာ ဆက်ကပ်လှူဒါန်းကြပါတယ်။

တော်တော်ချစ်စရာကောင်းတဲ့ ကျွန်မမွေးရပ်မြေရဲ့ တပေါင်းလပြည့်နေ့ လုပ်ဆောင်ပုံလေး နှင့် နာမည်ကြီး ပင်းတယတပေါင်းပွဲ အကြောင်းလေးကို  သိရှိသလောက်လေး ဝေမျှလိုက်ပါတယ်။

(မငုံ)

  • Share/Bookmark

Reader Comments

ဒီပို့စ်ဖတ်ပြီး ပင်းတယ တပေါင်းပွဲကို သတိရသွားတယ်။ မှတ်မှတ်ရရ ၈တန်းနှစ်တုန်းက တစ်ခေါက်ရောက်ဖူးတယ်။ တကယ်ကို ဖုန်တထောင်းထောင်းနဲ့ပေါ့။ အဲဒီတုန်းက ဓါတ်လှေကားက စဆောက်တုန်းက။ ပင်းတယဂူအထိ လမ်းလျှောက်တက်ခဲ့ရတာကို မမေ့နိုင်ဘူး။ အရမ်း ပျော်ဖို့ကောင်းတယ်။ ပင်းတယဂူထဲမှာလည်း လူကြိတ်ကြိတ်တိုးဘဲ။ ပွဲဈေးထဲက ပဲကြော်တွေကို သတိရတယ်။ :) မွေးရပ်မြေအကြောင်းလေးတွေဖတ်ရတော့ ကြည်နူးမိတယ်။ ကျေးဇူးပါဘဲ။ နောက်လဲ အမြဲ အားပေးနေပါမယ်။

#1 
Written By သဉ္ဖာ on March 10th, 2009 @ 10:42 am

Who? my home town is pindaya. nice to meet u

#2 
Written By Moe on July 8th, 2009 @ 4:15 pm

Add a Comment

required, use real name
required, will not be published
optional, your blog address