တစ်ခါက Romeo နဲ့  Juliet

အပိုင်း ( ၁)

ကျနော်နဲ့ သူ စတွေ့ ခဲ့တဲ့နေ့ တစ်နေ့ ပေါ့…..
ဆောင်းရာသီချယ်ရီပန်းတွေ ဝေနေတဲ့ဆောင်းမနက်ခင်းလေ….. ကျနော်အလုပ်ကတော့ ချယ်ရီပင်လမ်းလေးကို မနက်တိုင်းအလှဆင်နေကြ….
ဒီနေ့ လည်း ပျော်ပျော်မြူးမြူး အရွက်ခြောက်ကလေးတွေကို သိမ်းဆည်း လှဲကြုံးနေတာပေါ့…. ချယ်ရီပင် အောက်ကခုံလေးတစ်ခုံမှာ သူတို့ သူငယ်ချင်း ၃ယောက်လာထိုင်ပြီး တစ်စုံတစ်ရာကို ခက်ပြင်းပြင်းဆွေးနွေးနေသလိုဘဲ… ကျနော်ကလည်း ကိုယ့်အလုပ်နဲ့ ကို ဆိုတော့ သတိမထားမိလိုက်ဘူး….
ကိုယ့်အတွေးနဲ့  ကို သစ်ရွက်လေးတွေ လှဲနေရင်း ကျနော့် ပခုံးကိုသူလာတို့ တယ်…. ချယ်ရီပန်းလေးတစ်ခိုင်လောက်ခူးပေးပါတဲ့…. ကျနော့်အိမ်အတွက် ခူးထားတဲ့ အလှဆုံးချယ်ရီပန်းတစ်ခိုင်ရှိတယ်…. ကျနော်လည်းသူလိုချင်တယ်ဆိုတော့ ပေးလိုက်မိတယ်….. လောကမှာ အအေးချမ်းဆုံး အလှဆုံးမျက်ဝန်းလေး တစ်စုံ နဲ့  ကျနော်မျက်နှာချင်းဆိုင်မိလိုက်တယ်….
ရင်ခုန်သံလေးက သူ့ အလိုလိုတောင်းတလာတယ်….. ကျနော့်တစ်သက် တစ်ခါမှမခံစားဖူးတဲ့ အချစ်စိတ်ကလေး ကျနော့်သွေးထဲ နှလုံးသားထဲ ရှင်သန်စပြုနေပြီလား….. စိတ်ကလေးကိုထိန်းပြီး ကျနော့်အလုပ်ကျနော်ဆက်လုပ်လိုက်တာပေါ့…. ကျေးဇူးတင်ပါတယ် ဆိုတဲ့ အပြုံးလေး ဆောင်းရာသီက အအေးဓါတ်လေးတွေကို နွေးထွေးသွားစေပြီလား….

သူတို့ သူငယ်ချင်းသုံးယောက် ချယ်ရီပန်းလေးတွေကိုင်ပြီး ထွက်သွားတယ်…… သူသတိမထားမိလိုက်ဘူးထင်တယ်….. ထိုင်ခုံလေးပေါ်မှာ စာအုပ်လေးတစ်အုပ်ကျန်ခဲ့တယ်…. စာအုပ်လေးကို ကျနော်ယူကိုင်ပြီးသေချာကြည့်လိုက်တော့ မျက်နှာဖုံးက Romeo AND Juliet….. တစ်အုပ်လုံးအင်္ဂလိပ်လို ရေးထားတာဘဲ အင်္ဂလိပ်စာကို သိပ်မဖတ်တတ်ပေမယ့် နောက်နေ့ တစ်ချိန်ချိန်မှာပြန်တွေ့ မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့  စာအုပ်ကို အိမ်ယူပြန်သွားမိလိုက်တာပေါ့….

နောက်တစ်ပတ်ထိကျနော် မျှော်နေပေမဲ့ သူရောက်မလာခဲ့ဘူး…. တော်ပါပီ…..
သူတို့ ကျောင်းက library မှာဘဲ ကျနော်သွားအပ်လိုက်တယ်….. သွားအပ်ပြီးတာနဲ့  နောက်တစ်နေ့  သူအပြေးရောက်လာတယ်….. အရင်နေ့ က ကျနော်အမှိုက်သိမ်းနေတဲ့နေရာလေးမှာဘဲ…. စာအုပ်ကိုပြန်လာပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်ပေါ့…. ကျနော့်အတွက် ကူညီတယ်ဆိုတာ အထူးမဖြစ်နေတော့ ရပါတယ် ဆိုပြီးကျနော့်အလုပ်ဆက်လုပ်နေတယ်….. သူကလည်းခုံတမ်းလေးမှာ ထိုင်ပြီးကျနော့်ကိုအဖော်ပြုပေးလို့  ရမလားလို့  ကျနော့်ကို ခွင့်တောင်းတယ်….. နောက် သူဖတ်ထားသလောက် Romeo AND Juliet အကြောင်းလေးကို ပြောပြတာပေါ့…..

သြော် အချစ် တော်တော်လေးလည်း တန်ခိုးကြီးပါလား….. Romeo နဲ့  Juliet တို့  ကအကြည့်ကလေးတစ်စုံမှာ တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်မိသွားကြတယ်တဲ့…. ကျနော်ကိုကော အဲ့ဒီလိုခံစားဖူးလားတဲ့….. သူ့ ရဲ့ မေးခွန်းလေးကြောင့် ကျနော်ဘယ်လိုဖြေရမလဲမသိဖြစ်သွားတယ်…. ဘယ်လိုဖြေရင်ကောင်းမလဲ သူငယ်ချင်းတို့ ရေ…. လိမ်မပြောတတ်ဘူး ဟိုအရင်နေ့  လေးက ကျနော်တို့ တွေ့ လိုက်တဲ့အချိန်မှာ ထူးထူးဆန်းဆန်းလေး ဖြစ်မိတယ်လို့  ဖြေလိုက်တယ်…. သူကလည်း သူတစ်သက်မှာ ဒီလိုဒီတစ်ခါဘဲ ခံစားမိပါတယ်တဲ့ ….. ဒီလိုပဲ နေ့ တိုင်း ကျနော်ချယ်ရီပင်လေးတွေ အောက်မှာ အမှိုက်လှဲတိုင်း သူအမြဲအဖော်လာလုပ်ပေးတယ်…. နောက်တော့ သူပါလှဲပေးမယ်ဆိုပြီး အတူတူဆော့လိုက်ပျော်လိုက် လှဲလိုက်သိမ်းလိုက် ရင်းရင်းနှီးနှီးဖြစ်လာတာကို ကျနော်မသိလိုက်ဘူး….

နောက်တော့သူ့ အကြောင်း ကိုယ့်အကြောင်းလေးတွေကို ချယ်ရီပင်လေးအောက်က ထိုင်ခုံမှာကျနော်တို့  ပြောမိကြတယ်…. သူက ပညာတတ်လေးတစ်ယောက်…… အရာရာပြည့်စုံတယ်…. သူ့ ရဲ့ ဘ၀လေးက တော်တော်အေးချမ်းတယ် ပျော်ရွှင်ဖို့  ကောင်းတယ် နွေးထွေးတယ်…. ကျနော်ကတော့ ဘ၀သမားလုပ်သားလေးပါ…. ကျနော် ကျောင်းမပြီးလိုက်ဘူး…… အင်ဂျင်နီယာကျောင်းကို ပထမနှစ်ပြီးတော့ အဆင်မပြေလို့ ထွက်လိုက်ရတယ်….. ဒီအတွက် ကျနော်စိတ်မကောင်းမဖြစ်ပါဘူး….. ဘ၀မှာ ပညာတတ်မှ အဆင့်အတန်းရှိတာမှ မဟုတ်တာ…..

စနေသား ( မော (ဝ်) ရှမ်းမြေ အဖွဲ့ ဝင် )

  • Share/Bookmark

Reader Comments

ကြိုက်တယ်ဗျာ.. ဆက်ရေး.. နောက်ဇတ်လမ်းလေးကို မျှော်နေမယ်.. ဒုတိယပိုင်းပေါ့..

#1 

အင်း ကောင်းတယ်
စနေသားရေ ဆက်ရေးပါဟ
ဆန့် တငင် ငင် လုပ်သွားတယ်

#2 

ကောင်းတယ်ဗျာ။ မြန်မြန်အပိုင်း.၂ကိုတင်ပါ။

#3 
Written By မငုံ on March 15th, 2009 @ 3:35 am

အဆုံးသတ်ပါအုံး………

#4 
Written By ayemyatthu on April 22nd, 2009 @ 2:28 pm

အဆုံးသတ်သွားပြီးပြီလေ..

#5 

Add a Comment

required, use real name
required, will not be published
optional, your blog address

Previose Post: