ရွှေဧည့်သည်များအတွက် သတင်းကောင်း

အလည်လာကြတဲ့ ရွှေဧည့်သည်များအတွက် အထူးသတင်းကောင်းတစ်ခုပါပဲ..။ ကျွန်တော်တို့ရဲ့ ဆိုဒ်ကို အလည်လာခဲ့တဲ့အတွက် အထူးပင်ကျေးဇူးတင်ကြောင်း ဦးစွာပထမပြောကြားလိုပါတယ်…။ ကျွန်တော်တို့ရဲ့ဆိုဒ်အပေါ် တောင်းဆို အကြံပြုချက်များကိုလည်း နွေးထွေးစွာကြိုဆိုနေပါတယ်..။ အခုကတော့.. ကျွန်တော်တို့ မော(၀်)ရှမ်းမြေ ဆိုဒ်လေးဟာ ဘာလိုလိုနဲ့  ဧပြီလ ၁ ရက်နေ့ဆိုရင် ဆိုဒ်သက်တမ်းလေး ၁ လ ပြည့်ပါပြီ။ ၁ လပြည့်အထူးအစီအစဉ်အနေနဲ့ အလည်လာ ရွှေဧည့်သည်များရဲ့ တောင်းဆိုမူုများကြောင့်             “ ရွှေဧည့်သည်များရဲ့ ပိုစ့်များ ” ဆိုပြီး သီးသန့်ပိုစ့်တွေကို မော(၀်)ရှမ်းမြေတွင် တာဝန်ရှိသူများက စီစစ်ပြီး ရွေးချယ်တင်သွားပေးမယ့်အကြောင့် သတင်းကောင်းပါးအပ်ပါတယ်…။

စာမူများကို admin@mawshanmyay.org ကို တိုက်ရိုက်ပေးပို့နိုင်ပါတယ်…။

ရွေးချယ်မခံရသော ပိုစ့်များကို ပိုင်ရှင်ထံပြန်လည်ပို့ပေးမည်မဟုတ်ပါ။ ပိုစ့်များပို့ရာတွင်… အမြင်ရိုင်းစေသော စာများ ၊ ရုပ်ပုံများ ညစ်ငြမ်းစာများ ၊ နိုင်ငံရေးနှင့်ပက်သက်သော စာများ၊ သတင်းများကို လုံးဝ ( လုံးဝ ) မပို့ကြပါရန် ကြိုတင် အသိပေးအပ်ပါတယ်..။ ပေးပို့သူများအနေဖြင့် ပိုစ့်များ ပေးပို့ရာတွင် ကိုယ်ပို့လိုက်သော ပိုစ့်များသည်  တစ်နေရာရာမှ ကူးယူလာခြင်းဖြစ်ပါက ကူးယူလာသော မူရင်း ဘလော့ ဖိုရမ် ကိုဖော်ပြပေးရမည်။ အကယ်၍ တစ်ခုခု ဖြစ်ခဲ့ပါက ပေးပို့လာခဲ့သော ပိုစ့်များသည် ပေးပို့သူ၏ တာဝန်သာဖြစ်ပါသည်။

ရွေးချယ်ခံရသော ပိုစ့်များကို မော(၀်)ရှမ်းမြေဆိုဒ်တွင် ဖော်ပြရာတွင် … ပိုစ့်အဆုံး ညာဘက်အောက်ခြေ၌  “ ရွှေဧည့်သည်များရဲ့ ပိုစ့်များ.. ပေးပို့သူ၏အမည် ” ဆိုပြီးဖော်ပြပေးသွားမှာဖြစ်ပါတယ်…။

အဓိကပေးပို့ရာတွင် .. အခြားသောအကြောင်းအရာများထက်.. မော(၀်)မြေနှင့်ပက်သက်သော အကြောင်းအရာများကိုသာ ပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဥပမာ.. ကဗျာများ၊ ၀တ္ထုတိုများ၊ ဆောင်းပါးများ… စသည်ဖြင့်။

မသိတာများ၊ မရှင်းတာများနှင့် တခြားအကြောင်းအရာများကို သိချင်၊ မေးချင်တာများရှိရင် admin@mawshanmyay.org သို့ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။

ပိုစ့်များ ပေးပို့ရန်.. admin@mawshanmyay.org

ကျေးဇူးတင်ပါတယ်
ကြယ်စင်မင်း ( မော(၀်)ရှမ်းမြေ အဖွဲ့ဝင် )

  • Share/Bookmark